The Little Mermaid ရုပ်ရှင်မှာ ရေသူမလေး အေရီရယ်အဖြစ်မြင်ရမယ့် Halle Bailey

60380.jpg

The Little Mermaid ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာသတင်းတစ်ခုကိုတော့ Disney က ကြေညာပေးလိုက်ပါပြီ။

၂၀၁၉ ခုနှစ်ဟာ ၁၉၈၉ ခုနှစ်တုန်းက စတင်ထွက်ရှိခဲ့တဲ့ The Little Mermaid ရဲ့ အနှစ် (၃၀) ပြည့်မြောက်တဲ့နှစ်ပတ်လည်ဖြစ်တာကြောင့် The Little Mermaid အတွက် Live action ရိုက်ကူးသွားဖို့ရှိကြောင်း (၂၀၁၆) ခုနှစ်တည်းက Disney က အသိပေးထားခဲ့ဖူးပါတယ်။ ဒါကြောင့် ပရိသတ်တွေက တကယ်ထွက်ရှိမယ့်ရက်၊ ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းအကြောင်းတွေကိုသိရဖို့ စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ဒီ Live action မှာ ကျွန်တော်တို့ငယ်ဘဝကချစ်ခင်နှစ်သက်ခဲ့ရတဲ့ ရေသူမလေး အေရီရယ်အဖြစ် သရုပ်ဆောင်ဖို့ အဆိုတော်မလေး ဟဲလ် ဘိုင်လီကို Disney က ရွေးချယ်လိုက်

အခု ဒီ Live action မှာ ကျွန်တော်တို့ငယ်ဘဝကချစ်ခင်နှစ်သက်ခဲ့ရတဲ့ ရေသူမလေး အေရီရယ်အဖြစ် သရုပ်ဆောင်ဖို့ အဆိုတော်မလေး ဟဲလ် ဘိုင်လီ (Halle Bailey) ကို Disney က ရွေးချယ်လိုက်တဲ့အကြောင်းကတော့ သေချာသွားပါပြီ။ အေရီရယ် နေရာမှာသရုပ်ဆောင်ဖို့ ဘိုင်လီကို ရွေးချယ်လိုက်တဲ့အတွက် ပရိသတ်တချို့ကသဘောမတူဖြစ်ခဲ့ကြပေမဲ့ တော်တော်များများက သူ့အတွက်ဂုဏ်ပြုစကားဆိုထားတာကို တွေ့ရပါတယ်။ ဘိုင်လီကိုယ်တိုင်ကလည်း “Dream Come True” လို့ တွစ်တာတာမှာရေးတင်ထားခဲ့ပါတယ်။

ဘိုင်လီကိုယ်တိုင်ကလည်း “Dream Come True” လို့ တွစ်တာတာမှာရေးတင်ထား

အသက် (၁၉) နှစ်အရွယ် အညိုစင် အဆိုတော်မလေး ဘိုင်လီဟာ Chloe x Halle ဆိုတဲ့ အမျိုးသမီးနှစ်ယောက်တွဲ Girls Band တစ်ခုကို သူ(မ)အစ်မ ချိုလီ (Chloe) နဲ့အတူဖွဲ့ထားပြီး ဂီတအလုပ်တွေလုပ်နေသူပါ။

Chloe x Halle ဆိုတဲ့ အမျိုးသမီးနှစ်ယောက်တွဲ Girls Band တစ်ခုကို သူ(မ)အစ်မ ချိုလီ (Chloe) နဲ့အတူဖွဲ့ထားပြီး ဂီတအလုပ်တွေလုပ်နေသူ

သီချင်းဆိုကောင်းတဲ့အပြင် အေရီရယ်လေးလိုပဲ ကခုန်သီဆိုရတာကို နှစ်သက်တဲ့သူမျိုး ဖြစ်တာကြောင့် Live Action မှာ ဘယ်လိုပုံစံမျိုးနဲ့ တွေ့ရမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

Ref: Boredpanda “Disney Has Announced That Halle Bailey Will Star As Ariel In The “Little Mermaid” Remake”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top