အာဆင်နယ်ကို ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားသိမ်းပိုက်ခဲ့တဲ့ ချဲလ်ဆီး

61498721_2354382161271689_8023065158798540800_n.jpg

ပထမပိုင်းမှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်ခွင့် အနည်းငယ်ပိုသာခဲ့ပြီး တိုက်စစ်ဆင်ကစားခဲ့ပေမဲ့ ချဲလ်ဆီးဘက်က အီမာဆန်၊ ဂျရူးဒ်တို့ရဲ့ကန်ချက်တွေကို အာဆင်နယ်ဂိုးသမား ပီတာချက် ပုတ်ထုတ်ကာကွယ်ခဲ့ရပါတယ်။ အာဆင်နယ်ကတော့ မစ်လန်းနိုင်း၊ ကိုလာဆီနက်တို့ရဲ့ တောင်ပံနှစ်ဘက်ကနေ ထိုးဖောက်ကစားခဲ့ပါတယ်။

ချဲလ်ဆီးဘက်က အီမာဆန်၊ ဂျရူးဒ်တို့ရဲ့ကန်ချက်တွေကို အာဆင်နယ်ဂိုးသမား ပီတာချက် ပုတ်ထုတ်ကာကွယ်ခဲ့ရ

ပွဲချိန် (၁၈) မိနစ်မှာ လာကာဇက်တီက ချဲလ်ဆီးဂိုးသမား ကက်ပါကို လိမ်ထွက်ရင်းလဲကျသွားခဲ့ပေမဲ့ ကက်ပါက လာကာဇက်တီရဲ့ ခြေထောက်ကို ဖမ်းဆွဲလိုက်တာမဟုတ်လို့ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။ ပွဲချိန် (၂၇) မိနစ်မှာ ဇာခါရဲ့ (၂၅) ကိုက်အကွာကန်ချက် ကောင်းမွန်ခဲ့ပေမဲ့ ဂိုးဘားပေါ်က ကပ်ထွက်သွားလို့ အာဆင်နယ် ဂိုးရခွင့်ဆုံးရှုံးခဲ့ပါတယ်။

ပွဲချိန် (၆၀) မိနစ်မှာလည်း ဟာဇက်ရဲ့ဖန်တီးမှုကနေ ပက်ဒရိုက ဒုတိယဂိုး ထပ်သွင်းခဲ့

ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းဟာ တစ်ဦးချင်းအမှားတွေကြောင့် ဘောလုံးဆုံးရှုံးမှုများခဲ့ပြီး ဂိုးပေးလိုက်ရပြီးတဲ့နောက် ကစားပုံဖရိုဖရဲဖြစ်ခဲ့ပါတယ်။ ပွဲချိန် (၄၉) မိနစ်မှာ အီမာဆန် မ,တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျရူးဒ်က ခေါင်းတိုက်ပြီးအဖွင့်ဂိုးသွင်းခဲ့သလို ပွဲချိန် (၆၀) မိနစ်မှာလည်း ဟာဇက်ရဲ့ဖန်တီးမှုကနေ ပက်ဒရိုက ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

 ပင်နယ်တီကနေ ဟာဇက်က ချဲလ်ဆီးအတွက် တတိယဂိုးသွင်းပေးခဲ့

နောက် (၅) မိနစ်အကြာမှာ ဧရိယာအတွင်း ဂျရူးဒ်ကို မစ်လန်းနိုင်း တွန်းတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့ပါတယ်။ အဲဒီပင်နယ်တီကနေ ဟာဇက်က ချဲလ်ဆီးအတွက် တတိယဂိုးသွင်းပေးခဲ့ပါတယ်။

မက်ဟုချ်နောက်ပိုင်း ယူအီးအက်ဖ်အေကကျင်းပတဲ့ ပြိုင်ပွဲကြီးတစ်ရပ်ရဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်ကလပ်အသင်းအတွက် (၂) ဂိုးသွင်းနိုင်ပေးတဲ့ ပထမဆုံး ကစားသမားဖြစ်လာ

ဟာဇက်ဟာ ၁၉၉၁ ခုနှစ် Cup Winners’ Cup ပွဲမှာ ဘာစီလိုနာဘက်ကို (၂) ဂိုးသွင်းခဲ့တဲ့ မန်ယူကစားသမား မက်ဟုချ်နောက်ပိုင်း ယူအီးအက်ဖ်အေကကျင်းပတဲ့ ပြိုင်ပွဲကြီးတစ်ရပ်ရဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်ကလပ်အသင်းအတွက် (၂) ဂိုးသွင်းနိုင်ပေးတဲ့ ပထမဆုံး ကစားသမားဖြစ်လာပါတယ်။ ပွဲချိန် (၆၉) မိနစ်မှာ လူစားဝင် ကစားသမား အိုင်ဝိုဘီက မြေမကျကန်ချက်နဲ့ အာဆင်နယ်အတွက် ချေပဂိုးတစ်ဂိုးသွင်းပေးခဲ့ပေမဲ့ နောက် (၃) မိနစ်အကြာမှာပဲ ဂျရူး ဖန်တီးပေးတဲ့ ဘောလုံးကို ဟာဇက်က ကန်သွင်းပြီး ပွဲသိမ်းဂိုးသွင်းခဲ့ပါတယ်။ အာဆင်နယ်ဟာ ၂၀၀၆ ခုနှစ်က ယူအီးအက်ဖ်အေဖလားပြိုင်ပွဲမှာ ဆီဗီလာကို (၄) ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ မစ်ဒယ်ဘရော့အသင်းနောက်ပိုင်း ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ (၄) ဂိုးပေးရတဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top