ရိုးရာလေးတိုတိုထွာထွာ

3.5.24-yyl-6.jpg

ကာတာလေကြောင်းလိုင်းဟာ ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုလေယာဉ်မယ်ကို မိတ်ဆက်လိုက်ပါပြီ။ AI စွမ်းအင်သုံး ဒီဂျစ်တယ်လေယာဉ်မယ်ဟာ ခရီးသည်တွေကို အချိန်နဲ့တပြေးညီ စကားပြောဆို ဆက်သွယ်ပေးနိုင်ပြီး မကြာခဏ အမေးများတဲ့ မေးခွန်းတွေနဲ့ ခရီးစဉ်အကြောင်း အချက်အလက်တွေကို ရှင်းပြပေးနိုင်မှာ ဖြစ်ပါတယ်။

Sama 2.0 လို့ အမည်ပေးထားပြီး အာရေဗီဘာသာနဲ့ဆိုရင်တော့ ”‌ဝေဟင်”လို့ အဓိပ္ပာယ်ရပါတယ်။ Sama 2.0 ဒီဂျစ်တယ်လေယာဉ်မယ်ရဲ့ ဝန်ဆောင်မှုကို ကာတာလေကြောင်းလိုင်းရဲ့ ဒီဂျစ်တယ်ပလက်ဖောင်း QVerse နဲ့ မိုဘိုင်းဖုန်း app ကနေ ရယူနိုင်ပါတယ်။ AI စွမ်းအင်သုံး ဒီဂျစ်တယ်လေယာဉ်မယ်ကို ၂၀၂၄ ခုနှစ် မေလ ၆ ရက်ကနေ ၉ ရက်ကြားကာလအတွင်း ကာတာလေကြောင်းလိုင်းရုံးချုပ်ရဲ့ ခန်းမ နံပါတ်(၂)မှာ ပြသထားမှာပါ။

Ref: Qatar Airways introduces the world’s first holographic virtual AI flight attendant

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply