မုန်တိုင်းသင့် ပြန်လည်ထူထောင်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်လှူဒါန်းခဲ့တဲ့ ဖလော်ရီဒါက ဘားတစ်ခု

yyl-3-9-005.jpg

ဖလော်ရီဒါနိုင်ငံ၊ ဆာရာဆိုတာက Siesta Key Oyster Bar (SKOB) ဆိုတဲ့ ဘားတစ်ခုက လာအားပေးတဲ့သူတွေအတွက် ငွေစက္ကူတွေ ပေါ်မှာကိုယ့်ရေးချင်တဲ့စာကိုရေးပြီး နံရံမှာချိတ်ဆွဲထားလို့ရတဲ့ထူးခြားတဲ့အစီအစဉ်လေးလုပ်ထားရှိပါတယ်။ အခုတော့ နံရံမှာချိန်ဆွဲထားတဲ့ ငွေစက္ကူတွေက ဟာရီကိန်းမုန်တိုင်းသင့်ပြန်လည်ထူထောင်ရေးအတွက် ဖြစ်သွားပါပြီ။

SKOB က ဖွင့်ထားတဲ့ (၁၆) နှစ်ရှိပါပြီ။ ချိတ်ဆွဲထားတဲ့ ငွေစက္ကူတွေက ဘားမှာ အနုလက်ရာမြောက်လှပြီး ဘားတစ်ခုလုံးကို အဲဒီငွေစက္ကူတွေနဲ့ အလှဆင်ထားသလိုပါပဲ။ ပြည်တွင်း၊ ပြည်ပက လာအားပေးတဲ့သူတွေက ငွေစက္ကူပေါ်မှာ ရက်စွဲ၊ နာမည်တွေ၊ ဆုတောင်းစာတွေကို ရေးသားပြီး ဘားရဲ့နံရံတွေမှာ ချိတ်ဆွဲရတာဖြစ်ပါတယ်။ အဲဒါက ဘားရဲ့လူသိများတဲ့အစီအစဉ်ပါပဲ။

ပြီးခဲ့တဲ့လက SKOB ဝန်ထမ်းအယောက် (၄၀) က မုန်တိုင်းသင့် ပြန်လည်ထူထောင်ရေးအတွက် နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ပိုက်ဆံတွေကို ဖြုတ်ခဲ့ကြပါတယ်။ SKOB က အဲဒီလိုလုပ်တာကို သိတဲ့ ဖောက်သည်တွေက (၅) ဒေါ်လာ နဲ့ ဒေါ်လာ (၂၀) တွေ ပေးလာကြပါတယ်။ အခုအပတ်မှာတော့ ဘားရဲ့အထွေအထွေမန်နေဂျာက ပြည်တွင်းဘဏ်ကို ငွေစက္ကူတွေထည့်ထားတဲ့ပုံးကြီး ယူလာခဲ့ပါတယ်။

ဘားပိုင်ရှင်နဲ့ ညီအစ်မတွေ၊ သူတို့ရဲ့ခင်ပွန်းတွေက နံရံက ငွေစက္ကူတွေကို ဖြုတ်ပြီး ပြည်တွင်းပရဟိတလုပ်ငန်းတွေကို အရင်ကလှူဒါန်းခဲ့ဖူးပါတယ်။ အခုတစ်ခေါက်မှာတော့ ဒီငွေတွေကို ဟာရီကိန်းဒဏ်သင့်ပြည်သူတွေအတွက် အမေရိကန်ကြက်ခြေနီအဖွဲ့ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဟာရီကန်းမုန်တိုင်းကြောင့် အနည်းဆုံးလူ (၅၀) သေဆုံးခဲ့ပြီး လူ(၇၆၀၀၀) လောက်က အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

Ref: ABCNews “Staff at Florida bar pulls $14,000 off walls to donate to Hurricane Dorian relief”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top