ယာဉ်ကြောထိန်းသိမ်းရေးဌာနရဲ့ မီးပွိုင့်စနစ်သစ်စမ်းသပ်မှု မအောင်မြင်

1.jpg

ရန်ကုန်မြို့က မီးပွိုင့်စနစ်တွေကို ယာဉ်ကြောထိန်းသိမ်းရေးဌာန (ဗဟို) ကနေ တိုက်ရိုက်ကွပ်ကဲတဲ့စနစ်ပြောင်းလဲဖို့ မေလ (၈) ရက်နေ့မှာ စတင်စမ်းသပ်ခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း MOI ဖော်ပြချက်တွေအရ သိရပါတယ်။

မီးပွိုင့်စနစ်တွေကို မနက် (၇) နာရီမှ (၁၀) နာရီအထိနဲ့ နေ့လည် (၃) နာရီမှ (၇) နာရီထိ နှစ်ပိုင်းခွဲခြားစမ်းသပ်ခဲ့ပေမဲ့လည်း ယာဉ်ကြောကျပ်တည်းမှုပိုမိုဖြစ်ပွားလာတာကြောင့် စမ်းသပ်မှုကို ရပ်ဆိုင်းခဲ့ရတာပါ။

နှစ်ပိုင်းခွဲခြားစမ်းသပ်ခဲ့ပေမဲ့လည်း ယာဉ်ကြောကျပ်တည်းမှုပိုမိုဖြစ်ပွားလာတာကြောင့် စမ်းသပ်မှုကို ရပ်ဆိုင်းခဲ့ရတာပါ

စမ်းသပ်ခဲ့တဲ့စနစ်က မီးပွိုင့်ကိုရောက်လာတဲ့ ယာဉ်ကြောအလိုက်ကားအရေအတွက်ကို မီးပွိုင့်မှာတပ်ဆင်ထားတဲ့ကင်မရာကတစ်ဆင့် အချက်အလက်ကောက်ယူပြီး ရလာတဲ့ အချက်အလက်တွေအရ မီးပွိုင့်တွေက လိုအပ်သလို အလိုအလျောက် အလုပ်လုပ်တဲ့စနစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ တပ်ဆင်အသုံးပြုနေတဲ့မီးပွိုင့်စနစ်ကိုတော့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာရွှေအင်းကုမ္ပဏီနဲ့ တရုတ်နိုင်ငံက CRCC ကုမ္ပဏီတို့ ပူးတွဲတင်ဒါအောင်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Ref: MOI
Photos: Cherry
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top