Huawei က “Cloud Solution ၏ လုပ်ငန်းခွင်အသုံးပြုမှုများနှင့် အကျိုးကျေးဇူးများ” ဟူသည့် ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ်မြောက် မီဒီယာဆွေးနွေးပွဲကို လှိုင်မြို့နယ်ရှိ MICT Park ပင်မဆောင်တွင် ၂၀၁၉ ခုနှစ် မေလ (၆) ရက်နေ့တွင် ကျင်းပခဲ့သည်။ တက်ရောက်လာကြသည့်စာနယ်ဇင်းသမားများသည် cloud နည်းပညာ၏ စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးပြုမှုများကို Vanguard Myanmar ရုံးခန်းတွင် လှည့်လည်လေ့လာကြည့်ရှုခဲ့ကြသည်။ Vanguard Myanmar သည် ဈေးကွက်ဦးဆောင် စီးပွားရေးဆိုင်ရာ solutions များ ဝန်ဆောင်မှုပေးသူဖြစ်ပြီး မြန်မာနိုင်ငံတွင် HUAWEI CLOUD ကို ပထမဆုံး ဝယ်ယူအသုံးပြုသူလည်း ဖြစ်သည်။

စာနယ်ဇင်းသမားတွေအတွက် သူတို့ရဲ့သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ နိုင်ငံအတွက် အကျိုးရှိစေဖို့ လုပ်ဆောင်အောင်မြင်ခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ်ထပ်မံပြီး အခုလိုဆွေးနွေးပွဲတွေ ကျင်းပဖို့ တွန်းအားဖြစ်ခဲ့
Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က “ICT နယ်ပယ်အကြောင်း ပိုပြီးနားလည်သဘော ပေါက်လာစေဖို့အတွက် မီဒီယာဆွေးနွေးပွဲတွေကို ဒီနှစ်စကတည်းက ကျွန်တော်တို့ ဆောင်ရွက်ပေးလာခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေအပေါ် ICT နည်းပညာရဲ့အသုံးဝင်ပုံနဲ့ အကျိုးကျေးဇူးတွေကို အများပြည်သူဆီ သတင်းစကားပါးရာမှာ အဓိကကျတဲ့ စာနယ်ဇင်းနယ်ပယ်ရဲ့ စိတ်ပါဝင်စားမှုကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေက စာနယ်ဇင်းသမားတွေအတွက် သူတို့ရဲ့သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ နိုင်ငံအတွက် အကျိုးရှိစေဖို့ လုပ်ဆောင်အောင်မြင်ခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ်ထပ်မံပြီး အခုလိုဆွေးနွေးပွဲတွေ ကျင်းပဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။ စီးပွားရေးကဏ္ဍရဲ့ လုပ်ငန်းပိုင်းဆိုင်ရာရောငွေကြေးပိုင်းဆိုင်ရာမှာပါ တိုးတက်အောင်မြင်လာစေဖို့အတွက် ICT က ဘယ်လိုအရေးပါသလဲဆိုတာကိုသိမြင်နိုင်ဖို့ ဒီကနေ့မှာ ကျွန်တော်တို့ရဲ့ မိတ်ဘက်ဖြစ်တဲ့ Vanguard ရုံးခန်းမှာ HUAWEI CLOUD ကို ပြသမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

သုံးစွဲသူအဖွဲ့အစည်းတွေရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေအတွက် စိတ်ချယုံကြည်ရပြီး စွမ်းရည်ပြည်ဝတဲ့ solution တွေကို HUAWEI CLOUD နဲ့အတူပူးပေါင်းပြီး ထောက်ပံ့ပေးနိုင်
Cloud နည်းပညာက စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်ခြင်း၊ ထုတ်ကုန်ထုတ်လုပ်ခြင်း နှင့် ဝန်ဆောင်မှုပေးခြင်းကဏ္ဍများတွင် ပိုမိုထိရောက်စေခြင်းဖြင့် များစွာသောအကျိုးကျေးဇူးများကို ဖြစ်စေသည်။ Cloud နည်းပညာအသုံးပြုခြင်း၏ ထင်ရှားသည့်ကောင်းကျိုးတစ်ခုမှာ ဆာဗာများသုံးစွဲရန်မလိုတော့ခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်းပင်ဖြစ်သည်။ Cloud က မြန်ဆန်သည့်လုပ်ငန်းဆောင်ရွက်မှု၊ အဆင်ပြေချောမွေ့မှု၊ စွမ်းအင်အသုံးပြုခြင်းနည်းပါးမှု နှင့် နေရာမရွေးလုပ်ငန်းဆောင်ရွက်နိုင်မှု အကျိုးကျေးဇူးများကို ပံ့ပိုးပေးသည်။ ထို့အပြင် cloud solution အသုံးပြုသည့်စီးပွားရေးလုပ်ငန်းများအတွက် အရေးပါဆုံးသောအချက်ဖြစ်သည့် စွမ်းရည်မြင့်လုံခြုံရေးစနစ်ကိုလည်း ထောက်ပံ့ပေးသည်။
Vanguard Myanmar ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးတင်လတ် က “Vanguard က နည်းပညာနဲ့ စီးပွားရေးဆိုင်ရာအကြံပေးအဖွဲ့အစည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရည်မှန်းချက်ကတော့ သုံးစွဲသူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တွေ့ကြုံနေရတဲ့အခက်အခဲတွေကို နည်းပညာsolution တွေသုံးပြီး ကူညီဖြေရှင်းပေးဖို့ပါပဲ။ အခုဆိုရင် သုံးစွဲသူအဖွဲ့အစည်းတွေရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေအတွက် စိတ်ချယုံကြည်ရပြီး စွမ်းရည်ပြည်ဝတဲ့ solution တွေကို HUAWEI CLOUD နဲ့အတူပူးပေါင်းပြီး ထောက်ပံ့ပေး နိုင်ပါပြီ။ လက်ရှိမှာတော့ PaaS (Platform as a Service) နဲ့ IaaS (Infrastructure as a Service) ကဏ္ဍတွေမှာ သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Huawei Cloud နဲ့ အတူပူးပေါင်းဆောင်ရွက်နေပြီး ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပိုအကျိုးရှိစေမယ့် ထပ်ဆောင်းဝန်ဆောင်မှုတွေကိုလည်း ဖန်တီးပေးနေ ပါတယ်” ဟု ပြောကြားသည်။
ICT နယ်ပယ်အကြောင်းပိုမိုသိရှိကြရန်နှင့် မီဒီယာအသိုင်းအဝိုင်းကြား ပိုမိုပြန့်နှံ့စေရန်ရည်ရွယ်ကာ အဆိုပါ မီဒီယာဆွေးနွေးပွဲများကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်ဆန်စွာတိုးတက်ပြောင်းလဲနေ သည့် ICTနယ်ပယ်တွင် သတင်းဆောင်းပါးများရေးသားရာ၌ ကြုံတွေ့ရသည့်အခက်အခဲများကို စာနယ်ဇင်းလောကမှ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်မှုရှိသည့် သင်တန်းဆရာများနှင့် ဆွေးနွေးတိုင်ပင်နိုင်မည့် အခန်းကဏ္ဍလည်း ပါဝင်မည်ဖြစ်သည်။
Team (ရိုးရာလေး)