သာသနာ့ဘောင်မှာ ပျော်သလောက်နေမယ်ဆိုတဲ့ မိုးအောင်ရင်

60342257_1334262340058842_1542579891390644224_n.jpg

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ မိုးအောင်ရင်က အနုပညာအလုပ်တွေပြန်မစခင်မှာပဲ သာသနာ့ဘောင်ထဲ ဝင်ရောက်သွားပါတယ်။ ရန်ကင်းမြို့နယ်၊ စစ်ကိုင်းရွှေဟင်္သာစံကျောင်းမှာ ရဟန်းဝတ်ခဲ့ပြီး ဘွဲ့အမည်က အရှင် မေဃဇယ ဖြစ်ပါတယ်။

ရန်ကင်းမြို့နယ်၊ စစ်ကိုင်းရွှေဟင်္သာစံကျောင်းမှာ ရဟန်းဝတ်ခဲ့ပြီး ဘွဲ့အမည်က အရှင် မေဃဇယ ဖြစ်ပါတယ်

အေးချမ်းမှုတွေရှာဖွေဖို့ သာသနာ့ဘောင်ထဲဝင်ရောက်တာဖြစ်တယ်လို့ မိုးအောင်ရင်က ပရိသတ်တွေဆီအသိပေးခဲ့သလို သာသနာ့ဘောင်ထဲဝင်တာက မိုးအောင်ရင် လွတ်မြောက်လာရင် စိတ်ဓာတ်ပိုင်းဆိုင်ရာအကောင်းဆုံးပံ့ပိုးပေးမယ်ဆိုတဲ့ ဖခင်ဖြစ်သူရဲ့ ပထမဆုံးခြေလှမ်းလည်း ဖြစ်နိုင်ပါတယ်။

သာသနာ့ဘောင်ထဲဝင်တာက မိုးအောင်ရင် လွတ်မြောက်လာရင် စိတ်ဓာတ်ပိုင်းဆိုင်ရာအကောင်းဆုံးပံ့ပိုးပေးမယ်ဆိုတဲ့ ဖခင်ဖြစ်သူရဲ့ ပထမဆုံးခြေလှမ်းလည်း ဖြစ်နိုင်ပါတယ်

ဦးပဉ္ဇင်း မေဃဇယလည်း သာသနာ့ဘောင်မှာမွေ့လျော်ရင်း စိတ်သစ်လူသစ်နဲ့ ဘဝတစ်ခုကို ပြန်စတင်နိုင်ပါစေ

လဲနေတဲ့သားကို ပြန်ထူမပေးပြီး အနုပညာလမ်းကြောင်းပေါ်ပြန်လျှောက်နိုင်အောင် မအေးအေးဝင်းနဲ့လည်း စီစဉ်တွေ့ဆုံပြီး အပ်နှံပေးခဲ့ပါသေးတယ်။ ဒါကြောင့် ဦးပဉ္ဇင်း မေဃဇယလည်း သာသနာ့ဘောင်မှာမွေ့လျော်ရင်း စိတ်သစ်လူသစ်နဲ့ ဘဝတစ်ခုကို ပြန်စတင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Ref: Aung Yin’s facebook
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top