သင့်ရဲ့ အခိုက်အတန့်တိုင်းကို vivo V30 နဲ့အတူ ထွန်းလင်းတောက်ပလိုက်ပါ

28.2.24-yyl-၅.jpg

ဈေးကွက်ရှေ့ဆောင်နည်းပညာ အမှတ် တံဆိပ်တစ်ခုဖြစ်သည့် vivo သည် ၎င်း၏ လူကြိုက်များကျော်ကြားသော V series ၏ vivo V30 စတင်မိတ်ဆက်မည့်ရက်ကို ကြေငြာလိုက်သည်။ V29 ၏ အောင်မြင်ကျော်ကြားမှု တွေနဲ့အတူ လုပ်ဆောင် နိုင်စွမ်းမြင့်ပြီး ဒီဇိုင်းလှပသည့် V30 အား စတင်မိတ်ဆက် သွားတော့မည်ဖြစ်သည်။ vivo သည် V30 အား စတင်မိတ်ဆက်နှင့်အတူ ဒီဇိုင်းကျ လှပမှုနှင့် ဓါတ်ပုံရိုက်ကူးမှုတို့တွင် သူ မတူသည့် အတွေ့အကြုံကို ပေးစွမ်းနိုင်သည့် V series ၏ portfolio ကို ပိုမိုခိုင်မာလာစေသည်။ ယခုလာမည့် မိတ်ဆက်ပွဲနှင့်အတူ vivo သည် ၎င်း၏ V စီးရီးကို ပုံတူရိုက်ကူးခြင်းနှင့် စတိုင်ကျသော ဒီဇိုင်းများတွင် ပြိုင်ဘက်ကင်းသော အတွေ့အကြုံများကို ဆက်လက်ပေးအပ်သွားရန် ရည်မှန်းထားသည်။

vivo V30 သည် ဓါတ်ပုံ ပညာတွင် ပြိုင်ဘက်ကင်းသည့်အတွေ့အကြုံကိုပေးစွမ်းပြီး ဓါတ်ပုံရိုက်ကူးရာတွင် သက်တောင့်သက်သာရှိစေသည်။ V30 တွင် Smart Color Temperature Adjustment လုပ်ဆောင်ချက်ပါ ရှိသောပြီး V29 ကို ပို၍အဆင်မြှင့်တင်ထားခြင်းကြောင့် သဘာဝကျလှပသည့် ပုံရိပ်များကို ဖန်တီးနိုင်သည်။ Distance-Sensitive Lighting လုပ်ဆောင်ချက်ပါရှိသည့် အတွက် V30 တွင်ပါရှိသော Aura Light သည် အလင်းရောင်ပေါ်မှုတည်ကာ အလိုအလျောက် ထိန်းညှိနိုင်ပြီး အနီးကပ်ရိုက်သည် ဖြစ်စေ အဝေးတစ်နေရာမှ ရိုက်သည်ဖြစ်စေ သာလွန်လှပသောပုံရိပ်များကို ဖန်တီးနိုင်သည်။ V30 ၏ Aura Light မှာ ထောင့်မှန်စတုဂံပုံစံ တီထွင်ဖန်တီးထားသောကြောင့် ပိုမို ကြည်လင် နူးညံ့သော အလင်းရောင်ကို ဖန်တီးပေးနိုင်သဖြင့် ပုံရိပ်တိုင်းကို အသေးစိတ်ရိုက်ကူးနိုင်စေရန် တစ်စိုက်မတ်မတ်ကြိုးစားနေသည့် vivo ၏ရည်ရွယ်ချက်ကိုပေါ်လွင်စေသည်။ ထို့အပြင် 50 MP Ultra Wide-Angle Camera ပါရှိသောကြောင့် မိသားစု၊ မိတ်ဆွေများ အယောက်များစွာ၏ ပုံရိပ်များကို ပုံတစ်ပုံထဲတွင် ပါဝင်အောင် group photo ကို ကောင်းမွန်လှပစွာရိုက်ကူးနိုင်သည်။

အသစ်ထွက်ရှိလာတော့မည့် vivo V30 အပေါ်တွင် Mr. Nilson Ni မှပြောကြားရာတွင် “V series ဟာ vivo ရဲ့ တစ်စိုက်မတ်မတ် ကြိုးစားလုပ်ဆောင်နေတဲ့ ထူးချွန်ပြောင်မြောက်သော ဓါတ်ပုံပညာနဲ့ စတိုင်ကျလှပတဲ့ ဒီဇိုင်းတို့ရဲ့ သက်သေဖြစ်ပါတယ်။ မကြာမီမှာ ထွက်ရှိလာတော့မယ့် V30 ဟာလည်း ပိုမိုကောင်းမွန်လာတဲ့ Aura Light Portrait လုပ်ဆောင်ချက်ကြောင့် ထူးခြားကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်စေပြီး အလင်းရောင် လွန်စွာနည်းပါးတဲ့ အခြေအနေတွေမှာပါ သာလွန်လှပတဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်စေမှာပါ။ ရှေ့လျှောက် အနာဂတ်မှာလည်း vivo ကနေတစ်ဆင့် ပိုမိုဆန်းသစ်တီထွင်ပြီး သုံးစွဲသူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့် နည်းပညာအသစ်အဆန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ကြည်လင်လှပသော ရုပ်ထွက် အရည်အသွေးကို ပေးစွန်းနိုင်ရန် 120 Hz refresh rate ပါဝင်သော 3D Curved Screen ပါရှိသည်။ ဤသို့ပါဝင်သောကြောင့် အဆင့်အတန်းမြင့်မားပြီး သဘာဝကျသော၊ ရှင်းလင်းပြီး ချောမွေ့သော အမြင်အာရုံခံစားမှုကို ပေးစွမ်းနိုင်သည်။ ထိုသို့ တိုးတက်ပြောင်းလဲမှုများပါဝင်နေသော V30 တွင် စတိုင်၊ လုပ်ဆောင်နိုင်စွမ်းနှင့် သုံးစွဲသူအတွေ့အကြုံပေါ်တွင် ပြီးပြည့်စုံမှုကို ဖန်တီးပေးသည့် vivo ၏ ရည်ရွယ်ချက်ပေါ်လွင်သည်။

vivo V series တိုင်း၏ ထပ်တူညီမှုမှာ ၎င်း၏အရောင်၊ ပစ္စည်း၊ နှင့် အပြီးသတ် (CMF) တို့ဖြင့် ထူးခြားသောအမြင်အာရုံကို ပေးဆောင်နိုင်ခြင်းပင်ဖြစ်သည်။ မကြာမီထွက်ရှိလာမည့် V30 တွင် Inle Blue နှင့် Noble Black တို့က vivo ၏ သစ်လွင်သော တီထွင်ဖန်တီးမှုကို ကိုယ်စားပြုသည်။ vivo V30 ၏ တောက်ပသစ်လွင်သော အရောင်များသည် အရောင်အခန်းကဏ္ဌအတွက် တက်ကြွသစ်လွင်မှုကို ကိုယ်စားပြုသည်။

vivo V30 ၏ လုပ်ဆောင်နိုင်စွမ်းသည် ပြိုင်ဘက်ကင်းသည်။ V30 တွင် 5000 mAh (TYP) battery ပါရှိသော်လည်း ၎င်း၏ကိုယ်ထည်မှာ အလွန်ပါးလွှာသည်။ 80W FlashCharge ပါဝင်သောကြောင့် အချိန်တိုအတွင်း အားသွင်းနိုင်ပြီး သုံးစွဲသူများအကြိုက် ချောမွေ့သော လုပ်ဆောင်ချက်များ ကိုပေးစွမ်းသည်။ Snapdragon 7 နဲ့ Gen 3 processor ပါဝင်သောကြောင့် သုံးစွဲသူများအကြိုက် အတွေ့အကြုံကို ပေးစွမ်းနိုင်သည်။

V30 အားစတင်မိတ်ဆက်မည့်ရက်နီးကပ်လာလျက်ရှိသည်။ V30 သည် စမတ်ဖုန်းလောကတွင် အပြောင်းအလဲများစွာကိုယူဆောင်လာမည်ဖြစ်ပြီး ၎င်း၏ ကျက်သရေရှိမှုနှင့် အဆင့်မြင့်ကင်မရာ စွမ်းရည်များကြောင့် တစ်မူထူးခြားသော သုံးစွဲသူအတွေ့အကြုံများကို ပေးစွမ်းသည်။ စိတ်လှုပ်ရှားမှု များစွာဖြင့် vivo V30 အား ဖေဖော်ဝါရီလ ၂၇ ရက်တွင်စတင် မိတ်ဆက်ပါတော့မည်။ vivo နှင့်အတူတူ စမတ်ဖုန်းနယ်ပယ်၏ ထူးခြားသောအပြောင်းအလဲများကို ကိုယ်တွေ့ခံစားလိုက်ပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top