AMA ဆုပေးပွဲမှာ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ ပေါ့စ်ဘုရင်မတေလာဆွစ်ဖ်

taylor01.jpg

တေလာဆွစ်ဖ်ကတော့ ပေါ့စ်ဘုရင်မလို့ပြောရလောက်အောင် American Music Award ဆုပေးပွဲမှာ ဆု (၆) ဆုကို အခြားအနုပညာရှင်တွေထက်ကျော်ပြီး ဆွတ်ခူးသိမ်းပိုင်နိုင်ခဲ့ပါတယ်။

တေလာဆွစ်ဖ်ဟာ AMA ဆုပေးပွဲမှာ Artist of the Decade, Artist of the Year, Favorite Artist – Adult Contemporary, Favorite album – Pop/Rock for Lover, Favorite Music Video for You Need to Calm Down, Favorite Artist – Pop/Rock အခုနှစ်ဆုတွေအပါအဝင် အရင်ရရှိခဲ့တဲ့ဆုတွေနဲ့ဆိုရင် (၂၉) ဆုကို ရှိနေပါပြီ။ သူက မိုက်ကယ်လ် ဂျက်ဆင်ရဲ့ ဆုအရေအတွက် (၂၄) ခုထက်ကျော်လွန်ပြီး မှတ်ကျောက်စိုက်ထူနိုင်ခဲ့ပါတယ်။

သူက AMA ဆုပေးပွဲညရဲ့ နောက်ဆုံးဆုကြီး (၂) ဆုဖြစ်တဲ့ Artist of the Year နဲ့ Favorite Album ဆုတို့ကို စင်ပေါ်မှာလက်ခံရယူရင်းနဲ့ တေလာဆွစ်ဖ်က ပြီးခဲ့တဲ့နှစ်က သူ့အတွက် အတတ်အကျတွေရှိကြောင်း၊ ကျေးဇူးတင်ကြောင်းလည်း ဖွင့်ပြောပြခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ်က ကျွန်မဘဝမှာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်တွေရှိခဲ့သလို တချို့အချိန်တွေမှာ အခက်ခဲဆုံးအရာတွေကို ဖြတ်ကျော်ခဲ့ရပါတယ်။ တော်တော်များများက လူသိရှင်ကြားချမပြတာတဲ့ အရာတွေမဟုတ်ပါဘူး”

“ကျွန်မဘဝမှာ အမြဲရှိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ချင်ခဲ့ပါတယ်။ ကျွန်မအတွက် အခုနှစ်ကလည်း တော်တော်များများရှိခဲ့ပါတယ်။ ကောင်းတာတွေလည်းရှိပါတယ်။ တကယ့်ကို ရှုပ်ထွေးတဲ့အရာတွေလည်းရှိတယ်။ ပြီးတော့ ကျွန်မ့မိသားစုရဲ့ကိုယ်စား ကျွန်မဘေးမှာ ရှိပြီး ဂရုစိုက်ပေးကြတဲ့ပရိသတ်တွေကို ကျေးဇူးအရမ်းတင်ပါတယ်” လို့ တေလာဆွစ်ဖ်က ပြောပါတယ်။

အဲဒီဆုပေးပွဲမှာ ခါလစ်ဒ် (Khalid) က ဆု (၃) ဆုကို ရရှိခဲ့သလို ဘီလီ အီလစ်ချ်၊ Dan + Shay ၊ ကယ်ရီအန်ဒါဝုဒ် (Carrie Underwood) တို့ကလည်း ဆု (၂) ဆုစီ ဆွတ်ခူးခဲ့ကြပါတယ်။ နာမည်ကြီးကေပေါ့စ်အဖွဲ့ BTS ကလည်း Favorite Duo or Group – Pop/Rock, Tour of the Year, Favorite Social Artist ဆိုတဲ့ ဆု(၃) ဆုကို ရရှိသွားခဲ့ပေမဲ့ ဆုပေးပွဲကိုတော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ သူတို့ကို အခုလိုဆု (၃) ဆုရအောင် မဲပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ထားတဲ့မှတ်တမ်းဗီဒီယိုလေးကို ပို့ပေးခဲ့ကြပါတယ်။

Ref: AsiaOne “Taylor Swift leads AMA winners”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top