သမုဒ္ဒရာရေကို သောက်သုံးရေအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ ကင်ညာနိုင်ငံရဲ့ ပထမဆုံးဆိုလာစွမ်းအင်စနစ်

yyl-001-10.jpg

ကျွန်တော်တို့ လူသားတွေအတွက် သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ဆိုတာ အရေးကြီးလှပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေမရတဲ့ နိုင်ငံတွေရှိနေပါသေးတယ်။ လူ (၂.၂) ဘီလျံဝန်းကျင်က သူတို့သောက်သုံးနေတဲ့ရေက လုံခြုံစိတ်ချမှုမရှိတဲ့အတွက် ရုန်းကန်နေကြရပါတယ်။ ဒါပေမဲ့ အခုဆိုရင် ဒီလိုအခက်အခဲတွေကို အချိန်အကြာကြီး ရင်ဆိုင်စရာမလိုတော့ပါဘူး။ ဖြေရှင်းနည်းတွေလည်း ရှာဖွေနေကြသလို တွေ့လည်းတွေ့ရှိနေပါပြီ။

မကြာသေးခင်ကမှ NGO အဖွဲ့အစည်းဖြစ်တဲ့ Give Power က ကင်ညာနိုင်ငံမှာ သမုဒ္ဒရာရေကို သန့်ရှင်းလတ်ဆတ်တဲ့ သောက်သုံးရေအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ ဆိုလာစွမ်းအင်စနစ်တစ်ခုကို တပ်ဆင်ပေးခဲ့ပါတယ်။ ဒီနည်းက ကင်ညာနိုင်ငံက လူထောင်ပေါင်းများစွာကို တစ်ရက်တည်းနဲ့ အကူအညီဖြစ်စေပါတယ်။

Give Power က သန့်ရှင်းတဲ့ရေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ဒီဆိုလာစွမ်းအင်စနစ်ကို အခုနှစ်သြဂုတ်လကတည်းက စမ်းသပ်ခဲ့ကြတာပါ။ မကြာသေးခင်ကလည်း ကင်ညာနိုင်ငံက မြို့ငယ်လေး Kiuga မှာ ဆားဓာတ်လွန်ကဲနေတဲ့ရေကို သောက်သုံးရေအဖြစ် ပြောင်းပေးနိုင်တဲ့ စနစ်ကို အောင်အောင်မြင်မြင်နဲ့ တပ်ဆင်နိုင်ခဲ့ဖူးပါတယ်။ ဒီအဖွဲ့အစည်းက ဒီမှာတင်ရပ်မထားခဲ့ဘဲ ကမ္ဘာအနှံ့အပြားမှာ ဒီနည်းပညာကို အသုံးပြုချင်ခဲ့ပါတယ်။

သန့်ရှင်းတဲ့ သောက်သုံးရေမရရှိတဲ့ ပြဿနာက တချို့ဒေသတွေမှာ ပိုပိုပြီးကြီးလာခဲ့ပါတယ်။ အထူးသဖြင့် အာဖရိကနိုင်ငံတွေမှာပါ။ ဒါကြောင့်မို့ ဒီစနစ်ကို တပ်ဆင်ဖို့အတွက် ကင်ညာနိုင်ငံရဲ့မြို့ငယ်လေး Kiunga ကို ရွေးချယ်ခဲ့ပြီး တတ်နိုင်သလောက် လူတော်တော်များများကို ကူ့ညီပေးခဲ့ပါတယ်။ ဒီအောင်မြင်မှုပြီးတဲ့နောက်မှာ ဒီပရောဂျက်နဲ့ပဲ ကမ္ဘောဒီးယားနိုင်ငံ၊ ဟေတီနိုင်ငံမှာ တပ်ဆင်ပေးဖို့ စီစဉ်နေကြပါတယ်။

Give Power က ဆိုလာမှန်ပုံကွက်ကို အသုံးပြုပြီး ဆိုလာစွမ်းအင်တွေကို သိမ်းဆည်းပေးတဲ့ Solar Water Farm ကို တပ်ဆင်ပေးခဲ့တာပါ။ အဲဒီနည်းပညာက တစ်ရက်ကို စွမ်းအင် (၅၀) ကီလိုဝပ်ဘ် နဲ့ ရေထိုးပိုက် (၂) ခုထုတ်ပေးနိုင်ပါတယ်။ အဲဒီမြို့လေးမှာ ဒီနည်းပညာကို မတပ်ဆင်ပေးခင်က လူတွေက သောက်သုံးရေရရှိဖို့အတွက် တစ်နာရီကျော်လောက် သွားခပ်ရပါတယ်။ သန့်ရှင်းလတ်ဆတ်က ရေတစ်စက်က အရမ်းတန်ဖိုးရှိတဲ့အတွက် သူတို့က တခါတလေမှ ရေချိုးခဲ့ရ၊ အဝတ်လျှော်ခဲ့ရပါတယ်။ ဆားဓာတ်လွန်ကဲတဲ့ ရေဖြစ်တဲ့အတွက် သူတို့ရဲ့အရေပြားတွေကို အရမ်းကြမ်းတမ်းစေခဲ့ပါတယ်။

Ref: Kenya Installs The First Solar Power Plant That Transforms Ocean Water Into Drinking Water

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top