Marvel ရဲ့ အမျိုးသမီးစူပါဟီးရိုးတွေကို နေ့လည်စာတည်ခင်းဧည့်ခံခဲ့တဲ့ ရောဘတ်ဒေါင်းနင်းဂျူနီယာ (Robert Downey Jr)/Iron Man

Iron-2.jpg

Iron Man သရုပ်ဆောင် ရောဘတ်ဒေါင်နေးဂျူနီယာဟာ မေလ (၁)ရက်နေ့မှာ End Game ရုပ်ရှင်ရိုက်ကွင်းတုန်းက ပုံနှစ်ပုံကိုတင်ခဲ့ပါတယ်။ ပုံတွေထဲမှာ မာဗယ်ရဲ့အမျိုးသမီးစူပါဟီးရိုးသရုပ်ဆောင်တွေ နေ့လည်စာစားနေတာကို ရောဘတ်က ဓာတ်ပုံရိုက်ပေးနေတာကို တွေ့ရမှာပါ။ “မာဗယ်ရဲ့အမျိုးသမီးတွေကို နေ့လည်စာတည်ခင်းဧည့်ခံခဲ့တဲ့ အချိန်တုန်းကပေါ့” လို့ ပုံမှာ စာရေးထားပါတယ်။

ဒီဓာတ်ပုံတွေဟာ“End Game” ရုပ်ရှင်ရိုက်ကွင်းက ထမင်းစားဆောင်ထဲမှာရိုက်ထားတဲ့ပုံတွေဖြစ်ပြီး စားပွဲရဲ့ညာဘက်မှာ ဂွင်းနက်ပဲလ်ထရိုး (Gwyneth Paltrow/Pepper Potts) ၊ ပွန်ကလဲမယ်တီရပ်ဖ်(Pom Klementieff/Mantis)၊ ဘရီလာဆန်(Brie Larson/Captain Marvel)၊ ဇိုရီ ဆယ်ဒါနာ(Zoe Saldana/Gamora) ဖြစ်ပြီး စားပွဲရဲ့ဘယ်ဘက်မှာတော့ အီဗန်ဂျလင်း လီလီ (Evangeline Lily/The Wasp)၊ ဒနိုင်း ဂိုရဲရား (Dani Gurira/Okoye)၊ အယ်လီဇဘတ် အိုလ်ဆန် (Elizabeth Olsen/Scarlet Witch) ၊ ကယ်ရင်ဂီလီယန် (Karen Gillan/Nebula) ၊ လက်တီရှာ ရိုက် (Letitia Wright/Shuri) တို့ကိုမြင်ရမှာပါ။

အခုလိုမြင်ကွင်းကို စူပါဟီးရိုးချစ်ပရိသတ်များက သဘောကျစွာနဲ့လူမှုကွန်ယက်တွေမှာ ပြန်လည်ဝေမျှခဲ့ကြပါတယ်။ End Game ရုပ်ရှင်ဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ လက်ရှိပြသနေပြီး ဝင်ငွေ ဘီလီယံချီရရှိထားပြီ ဖြစ်ပါတယ်။

မာဗယ်စတူဒီယိုနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်တွေအရ ရောဘတ်ဟာ သူပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းအတွက် သရုပ်ဆောင်ကြေးအပြင် ရုပ်ရှင်ကရတဲ့အမြတ်အစွန်းရဲ့ရာခိုင်နှုန်းတချို့ကိုပါ ခံစားခွင့်ရရှိခဲ့ပါတယ်။

“The Hollywood Reporter”စာစောင်ရဲ့အဆိုအရတော့ ရောဘတ်ဟာ (၂၀၁၈) ခုနှစ်က ထွက်ရှိခဲ့တဲ့ “Infinity War” ရုပ်ရှင်ဇာတ်ကားအတွက် အမေရိကန်ဒေါ်လာ (၇၅) သန်းရရှိခဲ့ပြီး “Spiderman: Home coming” ရုပ်ရှင်မှာ သုံးရက်သာသရုပ်ဆောင်ရိုက်ကူးပေးခဲ့ရပေမဲ့ အမေရိကန်ဒေါ်လာ (၅) သန်းရရှိခဲ့တယ်လို့ သိရပါတယ်။

မာဗယ်ရုပ်ရှင်တွေကရတဲ့အမြတ်အစွန်းကိုခံစားခွင့်ဟာ သရုပ်ဆောင်အလိုက် သူတို့နဲ့ချုပ်ဆိုထားတဲ့စာချုပ်အပေါ် မူတည်နေပါတယ်။ အတွင်းသတင်းတွေအရ အရင်က တစ်ကမ္ဘာလုံးမှာပြသရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ သန်း(၅၀၀) ကျော်တာနဲ့ သရုပ်ဆောင်တွေဟာ အမြတ်အစွန်းရာခိုင်နှုန်းခံစားခွင့်ရှိပေမဲ့ ယခုအခါမှာတော့ ဒီသတ်မှတ်အဆင်က့ ကန်ဒေါ်လာ သန်း (၇၀၀) ဖြစ်သွားခဲ့ပါပြီ။ မာဗယ်ရဲ့စူပါဟီးရိုးပေါင်းများစွာ (Avengers) တွေပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးဆိုရင်တော့ ရုံဝင်ငွေ အမေရိကန်ဒေါ်လာ (၁.၅ )ဘီလီယံရမှသာ သရုပ်ဆောင်တွေအနေနဲ့ စာချုပ်အလိုက်အမြတ်အစွန်းကို ခံစားခွင့်ရှိပါတယ်လို့”The Hollywood Report” က တင်ပြထားပါတယ်။

ရိုးရာလေးရဲ့ပရိသတ်ကြီးရော “End Game” ရုပ်ရှင်ကို ကြည့်ပြီးကြပြီလား။ ကြည့်ပြီးပြီဆိုရင်ရော သဘောကျမိရဲ့လား ပြောပြခဲ့ပါဦး။

Ref: “The Daliy Mail” “Robert Downey Jr. shares snaps of lunch he hosted for the Marvel women on Avengers: Endgame set”
Elsa(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply