ချောမွေ့လှပတဲ့အသားအရေကို ရရှိပိုင်ဆိုင်စေမယ့်အစားအစာများ

skin.jpg

တချို့အစားအစာတွေမှာပါတဲ့ ပစ္စည်းအချို့က အရေပြားအတွက် အကျိုးရှိကြပါတယ်။ ဒါအပြင် ပျော့ပြောင်းနူညံ့စေနိုင်သလို အသက်ကြီးရင့်မှုဖြစ်စဉ်တွေကိုလည်း ကာကွယ်ပေးပါတယ်။ အစားအသောက်ကလည်း သင်သုံးတဲ့ အလှကုန်ပစ္စည်းတွေလောက်အရေးကြီးတယ်ဆိုတာ သိထားသင့်ပါတယ်။ လှပကောင်းမွန်တဲ့ အသားအရေရရှိဖို့ အောက်ပါအစားအစာများကို စားသုံးသင့်ပါတယ်။

ဗီတာမင်စီကြွယ်ဝသော အစားအစာများ

ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေထဲမှာ စတော်ဘယ်ရီသီး၊ လိမ္မော်သီးနဲ့ စပျစ်သီးတို့ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဖိစီးမှုဆန့်ကျင်ပစ္စည်းတို့ ပြည့်ဝနေပါတယ်။ ဗီတာမင်စီပါဝင်မှုကလည်း လိမ္မော်သီး၊ စပျစ်သီးတို့ထက် မြင့်မားပါတယ်။ မကြာသေးခင်က လေ့လာတွေ့ရှိချက်များအရ ဗီတာမင်စီပြည့်ဝအစားအစာတွေစားတဲ့လူတွေက မစားတဲ့လူတွေထက် ပါးရေတွန့်ခြင်းနှင့် အသက်ကြီးခြင်းနဲ့ ဆက်စပ်တဲ့ အရေပြားပြဿနာဖြစ်နိုင်ခြေနည်းနေတာကို တွေ့ရပါတယ်။ ဓာတ်တိုးပစ္စည်းတွေက ဆဲလ်တွေနဲ့ ကော်လဂျင်တွေကို ဖျက်စီးပြစ်ပါတယ်။

ဒါကြောင့် ပါးရေတွန့်ပြီး အရေပြားရေပြားပြဿနာအများအပြား ဖြစ်လာရတာပါ။ ၁ပတ်၂ကြိမ်လောက် ဘယ်ရီသီးနဲ့လုပ်ထားတဲ့ မျက်နှာဖုံးဖြင့် ပေါင်းတင်ပေးပါ။ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အရေပြားပိုမို ချောမွေ့လာကာ ရေဓာတ်လည်းပြည့်ဝလာပါလိမ့်မယ်။

ဗီတာမင်အေကြွယ်ဝသော အစားအစာများ

လိမ္မော်သီး၊ မုန်လာဥနဲ့ သခွားမွှေးတို့ဟာ ဗီတာမင်အေနဲ့ ပြည့်ဝနေပါတယ်။ ဆရာဝန်တွေကတော့ ဆေးပေးတဲ့အခါမှာ Retinoids ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။ အစိမ်းရောင်ရှိဟင်းသီးဟင်းရွက်တွေ၊ ကြက်ဥတွေနဲ့ အဆီနည်းတဲ့နို့ထွက်ပစ္စည်းတွေမှာလည်း အဲဒီဗီတာမင်ကို တွေ့ရှိနိုင်မှာပါ။ ဗီတာမင်အေပါဝင်တဲ့ အရေပြားအလှကုန်တွေ အသုံးပြုခြင်းက ပါးရေတွန့်ခြင်းနဲ့ အညိုကွက်များကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံနဲ့ အခြားအရေပြားပြဿနာကုသတဲ့ နေရာတွေမှာလည်း အသုံးပြုကြပါသေးတယ်။

ဗီတာမင်အီး

သင့်အရေပြားကို နေလောင်တာတွေ၊ ဓာတ်တိုးပစ္စည်းတွေနဲ့ ရောင်ရမ်းမှုတွေကနေ ကာကွယ်ပေးမယ့် ဓာတ်တိုးဆန့်ကျင့်နောက်တစ်ခုကတော့ ဗီတာမင်အီးပဲဖြစ်ပါတယ်။ ဟင်းရွက်ဆီ၊ အခွံမာသီး၊ သစ်စိ၊ သံလွင်သီး၊ ဟင်းနုနွယ်နဲ့ အစိမ်းရောင်ရှိဟင်းသီးဟင်ရွက်တို့ဟာ ဗီတာမင်အီး အမြောက်အများပါဝင်နေတဲ့ အစားအစာတွေဖြစ်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီမှာ ဓာတ်တိုးဆန့်ကျင်နဲ့ အရောင်ကျစေတဲ့ ဂုဏ်သတ္တိတွေ ရှိတာကြောင့် အသားအရေအတွက်သာမက ကျန်းမာရေးအတွက်ပါ အကျိုးရှိပါတယ်။ အသားအရေကို ချော့မွေ့စေတာကြောင့် ရှေးရောမလူမျိုးဟာ သံလွင်ဆီကို အရေပြားပွတ်သတ်ပေးတဲ့နေရာမှာ အသုံးပြုကြပါတယ်။ ဒါ့အပြင် ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးနိုင်သလို ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။ အရေပြားခြောက်နေမယ်ဆိုရင် သံလွင်ဆီလိမ်းပေးခြင်းက သက်သာစေမယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း။ လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်းမှာ ဓာတ်တိုးပစ္စည်းတွေကိုဖယ်ရှားနိုင်ပြီး ရောင်ရမ်းမှုတွေကို လျော့ချပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပါတယ်။ Case Western Reserve တက္ကသိုလ်နှင့် Birmingham ရှိ Alabama တက္ကသိုယ်တို့၏ လေ့လာချက်က လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဟာ အရေပြားကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးတယ်လို့ ပြောထားပါတယ်။

သင့်စားသောက်ပုံစံကို အစိမ်းရောင်ရှိဟင်းသီးဟင်းရွက်များ၊ ချောကလက်ကြမ်းနှင့် ရှောက်မျိုးနွယ်အသီးတို့လိုမျိုး ကျန်းမာရေးအတွက် သင့်လျော်မယ့် အစားအစာတွေနဲ့ ဖြည့်စွက်ခြင်းက နှလုံးရောဂါနဲ့ ဆီးချိုလိုမျိုး နာတာရှည်ရောဂါတွေကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးတယ်ဆိုတာ သိပြီးလောက်ပြီဖြစ်မှာပါ။

Ref: Helloဆရာဝန်
ရေးသားသူ – Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top