Barbie ရုပ်ရှင်ပရိသတ်တွေကြားရေပန်းစားတဲ့ မင်းသားရိုင်ယန်ဂေါ့စလင်းရဲ့ပုံတူ Ken အရုပ်အသစ်

15.11.23-yyl-22.jpg

Barbie ဇာတ်ကားထဲက မင်းသား ရိုင်ယန်ဂေါ့စလင်း သရုပ်ဆောင်ထားတဲ့ Ken က ပရိသတ်တွေကို ဆွဲဆောင်ထားနို်ငခဲ့ပြီး အလွန်ရေပန်းစားလာခဲ့တာပါ။ အဲဒါကြောင့်ပဲ မကြာသေးခင်က ဘာဘီရုပ်တွေ ထုတ်လုပ်တဲ့ Mattel ဟာရိုင်ယန်ဂေါ့စလင်းပုံတူ Ken အရုပ်အသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။

Mattel က Barbie ဇာတ်ကားထဲမှာ ရိုင်ယန်ဂေါ့စလင်း ဝတ်ဆင်ခဲ့တဲ့ Hoodie နဲ့ Ken အရုပ်ကို မိတ်ဆက်ခဲ့တာပါ။ အဲဒီအရုပ်က ရိုင်ယန်ဂေါ့စလင်းရဲ့မျက်နှာအသွင်အပြင်ကစပြီး အဝတ်အစားအထိ အတော်လေးတူပါတယ်။ ဒီအရုပ်ကို Mattel မိတ်ဆက်ပေးမှုက Barbie ရုပ်ရှင်ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ဒီအရုပ်ကို Barbie ရုပ်ရှင်ပရိသတ်တွေ နှစ်ခြိုက်နေကြပါတယ်။ တချို့ဆို ၂ ရုပ်တောင် မှာယူထားတယ်လို့တောင် ဆိုကြပါတယ်။ ဒီအရုပ်ကို နိုဝင်ဘာ ၁၄ ရက်နေ့အထိ ကြိုတင်မှာယူရတာပါ။

Barbie ဇာတ်ကားထွက်ရှိခဲ့တုန်းက အတော်လေးပေါက်ခဲ့တာကြောင့် ရိုင်ယန်ဂေါ့စလင်းပုံတူ Ken အရုပ်အသစ်ကလည်း မှာယူတဲ့သူများမယ်ဆိုတာ အသေအချာပါပဲ။

Ref: A New Ken Doll Made After Ryan Gosling Has Won Everyone’s Hearts

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top