ခန္တာကိုယ်အနေအထားက ဖော်ပြသည့် ဘာသာစကား (Body Language) လေ့လာကြည့်ကြမယ်

yyl-001-5.jpg

Body Language ကို နားလည်ခြင်းဖြင့် လူတစ်ယောက်တွင် ဖြစ်ပေါ်နေသည့် စိတ်အခြေအနေကို သိရှိနားလည် နိုင်သည်။ Body Language သည် လူတိုင်း နားမလည်သော ဘာသာရပ်တစ်ခု (သို့) ဘာသာစကားတစ်ခုဖြစ်သည်။ ထိုသို့ပင် Body Language ကို နားလည်သူများကို ဘာသာစကား တစ်ခု၊ skill တစ်ခုတတ်မြောက်သည် ဟုပင် သတ်မှတ်ကြသည်။

လုပ်ငန်းခွင်တွင် Body Language ကို နားလည်တတ်မြောက်သူ representative တစ်ယောက်သည် အလုပ်သဘောအရ အပေးအယူလုပ် ပြောဆို ညှိနှိုင်းရာတွင် အတိုး အလျော့ပြုလုပ်ရမည့် အချိန်အခါကို သိရှိနားလည်ကြသည့်အတွက် သာမာန်သူများထက် ပါးနပ်စွာ လုပ်ကိုင်တတ်ပြီး အောင်မြင်မှုရယူကြသည်။ United Kingdom လို နိုင်ငံကြီးများတွင်မူ Body Language Expert ဟူသည့် ရာထူးများဖြင့် ကျွမ်းကျင်တတ်မြှောက်စွာ အလုပ်လုပ်ကိုင်ကြပြီး ပညာရှင်များ အဖြစ်သတ်မှတ်ကြသည်။
ထို့ကြောင့် စိတ်ဝင်စားဖွယ်ကောင်းသော ဘာသာရပ်တစ်ခုကို အခြေခံအားဖြင့် သိရှိနားလည်စေရန်၊ လုပ်ငန်းခွင်တွင် အကျိုးပြုစေရန် ပုံစံအချို့ကို လေ့လာ စုစည်းရေးသား ပေးလိုက်ပါသည်။

လက်ရှည်အကျ်ီအနားခေါက် ကို ကိုင်ထားမယ် ဆိုလျှင်

တွေ့စုံပွဲ တစ်ခုမှာ တစ်စုံတစ်ယောက်က စကားပြောနေစဉ် လက်ရှည်အကျ်ီအနားခေါက်၊ နာရီ၊ အကျ်ီလက်ကို အချိန်အတိုင်းအတာ တစ်ခုအထိ ကိုင်နေ၊ ထိနေ၊ ပွတ်သပ်နေမည်ဆိုလျှင် ထိုသူသည် သူ၏ စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင်ကြိုးစားနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ခြေထောက် ချိတ်ထိုင်သည့် ပုံစံအရ ကွဲပြားသည့် အဓိပ္ပာယ်

ဘယ်ဘက်က ပုံစံသည် ယုံကြည်မှု ရှိသည်ဟု အဓိပ္ပာယ်ရပြီး အမျိုးသားများသည် ထိုပုံစံကို ဆွဲဆောင်မှုရှိသည်ဟု လက်ခံကြသည်။ ညာဘက်က ပုံစံသည် ရှက်သော အနေအထားဟု အဓိပ္ပာယ်ရပြီး ပိုင်ရှင်ရှိ အမျိုးသမီးများဟုလည်း အဓိပ္ပာယ်ဆိုသည်။

သင့်လက်အနေအထားက ဖော်ပြနေသည့် အဓိပ္ပာယ်

အစည်းအဝေးခန်းအတွင်း (သို့) စာသင်ခန်းအတွင်း မည်သူက ဆွေးနွေးနေသည့် အကြာင်းအရာပေါ် စိတ်ဝင်စားမှု ရှိနေပြီး၊ မည်သူက ပျင်းရိနေသည်ကို သိနိုင်မည့် Body Languageလက္ခဏာ တစ်ခုဖြစ်သည်။ ဘယ်ဘက်က ပုံစံသည် စိတ်ဝင်စားခြင်းမရှိ ပျင်းနေသည်ဟု အဓိပ္ပာယ်ရပြီး ညာဘက်က ပုံစံသည် စိတ်ဝင်စားသော အနေအထားဟု အဓိပ္ပာယ်ရသည်။

သင်ဘယ်ကို ကြည့်နေလဲကနေ ဖော်ပြနေသည့် အဓိပ္ပာယ်

တစ်ခါတစ်ရံ ဘတ်(စ်)ကားပေါ်တွင် (သို့) ကားမှတ်တိုင်တွင် တစ်စုံတစ်ယောက်က ငေးကြည့်နေခြင်းကို မကြာခဏကို ကြုံရတတ်သည်။ ထို အကြည့်များမှ ထိုသူ၏ စိတ်ကို အကြမ်းဖျဉ်း နားလည်နိုင်သည်။ ထိုသူသည် ဘယ်ဘက်အောက်ကို ကြည့်နေလျှင် တွေးတောနေခြင်းသည်။ ဘယ်ဘက်တိတိကို ကြည့်နေလျှင် အသံများ (စကားပြောသံ၊ သီချင်းသံ အစရှိသည်တို့) ကို သတိရနေခြင်း ဖြစ်သည်။ ညာဘက်အောက်ကို ကြည့်နေလျှင် ခံစားချက်များကို သတိရနေခြင်း (ပျော်ရွှင်ခဲ့ခြင်း၊ နွေးထွေးခဲ့ခြင်း၊ နာကျင်ခဲ့ခြင်း အစရှိသည်တို့) ဖြစ်သည်။ ထိုသူသည် ဘယ်ဘက်အပေါ်ထောင့်ကို ကြည့်နေလျှင် ပုံရိပ်များကို သတိရနေခြင်း ( မတ်တပ်ရပ် စကားပြော နေခဲ့ဖူးသောပုံရိပ်၊ ပွေ့ဖက်နေခဲ့ဖူးသောပုံရိပ် အစရှိသည်တို့) ဖြစ်သည်။

ခေါင်းကုတ်နေခြင်းက ဖော်ပြနေသည့် အဓိပ္ပာယ်

တစ်စုံတစ်ယောက် ခေါင်းကုတ်နေ (သို့) ဇာတ်ကြောပွတ်နေသည် ဆိုလျှင် စိတ်ပျက်နေသည်ဟု အဓိပ္ပာယ်ရသည်။

လက်နောက်ပြန်ထားခြင်းက ဖော်ပြနေသည့် အဓိပ္ပာယ်

လက်နောက်ပြန်ချိတ်ထားခြင်း အမူအရာက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းကို ဖော်ပြသည်။ လက်ဖဝါး အမြင့်ပိုရောက်လေ ခန္တာကိုယ်အတွင်း စွမ်းအားပိုရှိသည် ဟု ထင်ရလောက်သည်။ ထို အမူအရာကို အမျိုးသားများတွင်သာ အတွေ့များသည်။

ပွေ့ဖက်ခြင်းမှ ဖော်ပြနေသည့် အဓိပ္ပာယ်

တစ်ဦး နှင့် တစ်ဦး ပွေ့ဖက်နှုတ်ဆက်သည့် ယဉ်ကျေးမှုသည် အနောက်တိုင်းနိုင်ငံများတွင် တွေ့ရပြီး မြန်မာပြည်တွင်း၌လည်း နိုင်ငံခြားသားများဖြင့် အလုပ်တွဲလုပ်ရင်း ရံဖန်ရံခါ ကျားမ မရွေး ပွေ့ဖက်နှုတ်ဆက်ရတတ်သည်။ ထိုသို့ ကြုံကြိုက်သည့် အခါမိမိသက်သောင့် သက်သာမရှိလျှင် လက်ဖဝါးဖြင့် တစ်ဖက်သူ၏ ကျောပြင်ကို အသာအယာပုတ်ကာ အချက်ပေး၍ ယဉ်ကျေးစွာ ရပ်တန့်နိုင်သည်။ တစ်ဖက်သူမှ ထိုသို့အချက်ပြလာလျှင်လည်း ယဉ်ကျေးစွာ ရပ်တန့်ပေးရသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top