အမေမရှိမှ အမေ့ကိုမတမ်းတနဲ့

yyl-missing-mom.jpg

အသက်ငယ်တုန်းက အမေ တစ်ခုခု ပြောလိုက်ရင် နား အရမ်းငြီးတာပဲ၊ ဘာတွေ ပြောနေတာလည်း စသဖြင့် လူငယ်တွေ ထင်ကြတယ်။

သို့သော် သက်လတ်ပိုင်း ရောက်တဲ့ အခါမှာ အမေပြောတဲ့ စကားတွေ မှန်ပါလားဆိုတဲ့ အတွေးဆလေးတွေ ဝင်လာပါလိမ့်မယ်။

အဲလိုပဲ အသက်ကြီးသွားတဲ့ အခါမှာတော့ အမေသာ ရှိနေသေးရင် ဆိုတဲ့ အတွေးတွေ ဝင်လာပြီး အမေ့ကို ပြန်လည် တမ်းတ နေပါတော့မယ်။ လူတွေဟာ အသက်အရွယ်ပေါ် အလိုက် စိတ်တွေရဲ့ ခံစားချက်တွေ ဟာလည်း မတူညီကြဘူး။ သို့သော် ငယ်ရွယ်စဉ် ကတည်းက ကောင်းတဲ့ အတွေးတွေ ဝင်မှသာ ကြီးလာတဲ့အခါမှာ နောင်တ မရတော့မှာ ဖြစ်တယ်။

လောကရဲ့ အစားထိုး မရတဲ့ အရာတွေထဲမှာ အမေဆိုတာ နံပါတ် ၁ အနေနဲ့ ပါနေတယ်။ ဒါကြောင့် အမေ မရှိမှ အမေ့ကို မတမ်းတပါနဲ့။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply