နွေရာသီအပြောင်းအရွှေ့မှာ စံချိန်သစ်တွေ တင်ခဲ့တဲ့ ပရီးမီးယားလိဂ်

article-2661036-1DC15E4500000578-928_634x393.jpg

ပရီးမီးယားလိဂ်ဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ပေါင် သန်း(၈၇၀) အသုံးပြုပြီး နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့သလို ဘောလုံးပြက္ခဒိန် တစ်နှစ်တာအတွင်း အပြောင်းအရွှေ့စရိတ် ပေါင်သန်း၁၀၀၀ သုံးခဲ့တာကလည်း ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပါပဲ။ နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း(၈၇၀)ရှိတဲ့အနက် ပရီးမီးယားလိဂ် အသင်း အချင်းချင်းကြား ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၁၀)၊ ပြည်ပအသင်းတွေကို ပေးချေခဲ့ရတဲ့ အသုံးစရိတ် ပေါင်(၅၈၅)သန်းရှိပြီး အောက်တန်းလိဂ် အသင်းတွေထံ စီးဆင်းခဲ့တဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင်(၇၅)သန်း ရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေအနက် နွေရာသီ အပြောင်းအရွှေ့စရိတ် အများဆုံးအသုံးပြုခဲ့တာကတော့ စတာလင်အတွက် ပေါင်(၄၉)သန်း၊ ဝုဖ်ဘတ် လူငယ်ကစားသမား ဒီဘရိုင်းအတွက် ပေါင်(၅၄)သန်း အသုံးပြုခဲ့တဲ့ မန်စီးတီးဖြစ်ပါတယ်။

အပြောင်းအရွှေ့ ပိတ်သိမ်းတဲ့ရက်မှာ တန်ကြေးအကြီးဆုံး အပြောင်းအရွှေ့ကတော့ မိုနာကိုအသင်းရဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် တိုက်စစ်မှူး မာရှယ်ကို ပေါင် (၃၆) သန်းနဲ့ ခေါ်ယူခဲ့တဲ့ မန်ယူရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုဖြစ်ပြီး ဆုကြေးခံစားခွင့်တွေနဲ့ ထပ်ပေါင်းရင် ပြောင်းရွှေ့ကြေးတန်ဖိုး ပေါင် (၅၈) သန်းအထိ ရှိလာနိုင်ပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသုံးစရိတ် ဒုတိယအများဆုံး သုံးစွဲခဲ့တဲ့ လိဂ်ကတော့ ပေါင်(၄၀၅)သန်း သုံးစွဲခဲ့တဲ့ စီးရီးအေပြိုင်ပွဲဖြစ်ပြီး လာလီဂါကတော့ ပေါင်သန်း(၄၀၀)နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ အဲဒီနောက်မှာတော့ ပေါင်သန်း(၂၉၀)သုံးတဲ့ ဘွန်ဒက်စ်လီဂါနဲ့ ပေါင်သန်း (၂၂၀) အသုံးပြုခဲ့တဲ့ လီဂူး-၁ ပြိုင်ပွဲတို့ ရှိနေပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top