ဇာတိမြေကို ဘယ်လိုများမေ့လို့ ရပါ့မလဲ

view-at-grathem-village-MHJE4PA.jpg

နွေးထွေး မူတွေ၊ ကြင်နာမူတွေ၊ လွမ်းဆွေးမူတွေ၊ အမှတ်တရတွေ များစွာရှိတဲ့ မွေးရပ်ဇာတိမြေကို ဘယ်သူကများ မေ့လို့ရပါ့မလဲ။ မတတ်သာလို့ ဇာတိမြေကို ခွဲခွာနေရတယ် အချိန်ရှိတိုင်း ပြန်ချင်တဲ့ စိတ်က ရင်ထဲတိုးဝင်လျက် ရှိပါတယ်။

ပြန်လို့ကလည်း မဖြစ်။ ရည်မှန်း ချက်တွေ မပြည့်သေးတော့ အောင့်အင်းလို့ သည်းခံနေရင်း နှစ်လ ရက်တွေတောင် အတော်ကြာခဲ့ပါပြီ။ အချိန်တွေ ဘယ်လောက်ပဲ ကြာကြာ ဇာတိမြေကို လွမ်းတဲ့ စိတ်ကတော့ အရင်းအတိုင်းပါ။ ငယ်စဉ်က အကြောင်းတွေ ပြန်စဉ်းစားပြီးတော့ တစ်ခါတစ်လေ တော့လည်း ပြုံးရယ်မိတယ်။ တစ်ခါတစ်လေ ကြပြန်တော့လည်း ဝမ်းနည်းမိတယ်။

ဇာတိမြေကို လူတိုင်းမေ့လို့ရမယ်လို့ မထင်ပါဘူး။ အတိတ်က ခြေရာတွေ များစွာနဲ့ ဇာတိမြေလေး ကိုတော့ အခါအခွင့်ကြုံရင် တစ်ခေါက်လောက်တော့ ပြန်လိုက်ကြပါအုံးနော်။

Photo By – dollsofindia

ကျော်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top