ဒိုင်ယာနာမင်းသမီးရဲ့ ရှားပါးပစ္စည်းများ ဘက်ကင်ဟမ်နန်းတော်တွင် ခင်းကျင်းပြသ

03-The-Most-Stunning-But-Rarely-Seen-Photos-of-Princess-Diana-1024x683.jpg

ဗြိတိန် တော်ဝင်မိသားစုဟာ ဒိုင်ယာနာမင်းသမီးရဲ့ သေဆုံးခြင်း အနှစ် ၂၀ပြည့် အထိမ်းအမှတ်အနေနဲ့ အထူးပွဲလေးတစ်ခုကို ဘက်ကင်ဟမ်နန်းတော်မှာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီပွဲလေးမှာ ဒိုင်ယာနာ ပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းတွေထဲက သူမ အနှစ်သက်ဆုံး ပစ္စည်းလေးများကို ခင်းကျင်း ပြသပေးထားမှာ ဖြစ်ပါတယ်။

သူမအကြိုက်ဆုံး သီချင်းခွေတွေနဲ့ ဘဲလေး (ballet) ကတဲ့ ဖိနပ်များပါ ပြသထားမှာပါ။ ဒီပွဲလေးကို ဒိုင်ယာနာ့ သားနှစ်ယောက်ဖြစ်တဲ့ ဝီလီယန်နဲ့ ဟယ်ရီ (Prince William and Prince Harry)တို့ က စီစဉ်ကျင်းပပေးတာဖြစ်ပြီး သူတို့မိခင်ရဲ့ အငွေ့အသက်လေးတွေ သတိရစရာလေးတွေနဲ့ ဒိုင်ယာနာရဲ့ တာဝန်ကျေပွန်မှုတွေကို အမှတ်ရစေဖို့ဖြစ်ပါတယ်လို့ ဆိုပါတယ်။

သားရေဘောင်နဲ့ကွပ်ထားတဲ့ သူမချစ်ခင်ရတဲ့ သူငယ်ချင်းတွေမိသားစုတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ၊ ဘာဂမ်ဒီသားရေ လက်ဆွဲအိတ်၊ ဒိုင်ယာနာ ကျောင်းတက်တုန်းက သုံးခဲ့တဲ့ သူမနာမည်အတို​ေ​ကာက်​ ဒီ စပန်ဇာ (D Spencer ) လို့ရေးထားတဲ့ နေ့လည်စာ ထမင်းဘူး အစရှိသဖြင့် စုံစုံလင်လင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒိုင်ယာနာနှစ်သက်တဲ့ အနုပညာရှင်များဖြစ်ကြတဲ့ ဂျော့မိုက်ကယ်၊ ဒိုင်ယာနာရို့စ်နဲ့ အယ်လ်တွန်ဂျွန်တို့ရဲ့ အသံသွင်း တိတ်ခွေများထည့်ထားတဲ့ သေတ္တာလေးပါ ပြသထားမှာဖြစ်ပါတယ်။ ဒိုင်ယာနာရဲ့အသုဘမှာ အယ်လ်တွန်ဂျွန်ဟာ လာရောက်ဖျော်ဖြေပေးခဲ့ပါတယ်။

ဒီပြပွဲလေးကို ၂၀၁၇ အောက်တိုဘာ ၁ရက်နေ့အထိပြသထားမှာဖြစ်ပါတယ်။ ဒိုင်ယာနာ့ အမှတ်တရပစ္စည်းများအပြင် ဘုရင်မကြီး အဲလိဇဘက်ရဲ့  ၆၅နှစ်ကြာ အုပ်စိုးခဲ့တဲ့ သက်တမ်းတစ်လျှောက် လက်ဆောင်ရထားတဲ့ ပစ္စည်းအမျိုးပေါင်း ၂၀ဝကိုပါ ပြသထားမှာပါ။ ဒီပစ္စည်းတွေမှာ ဒိုင်နိုဆောအရိုးနဲ့ ပြုလုပ်ထားတဲ့ စက္ကူဖိတဲ့အတုံး နဲ့ အာကာသထဲမှာ ဗြိတိန်အာကာသယဉ်မှူး မေဂျာတင်ပိခ် (Tim Peake) လွှမ်းခြုံခဲ့တဲ့ ဗြိတိန်အလံတို့ ပါဝင်ပါတယ်။ ဒိုင်ယာနာကို အမှတ်ရနေသေးတဲ့ သူမကိုချစ်မြတ်နိုးသူတွေဟာ သူမရဲ့ အငွေ့အသက်လေးတွေကို ခံစားနိုင်ရုံသာမက ဗြိတိန်နိုင်ငံရဲ့ အမွေအနှစ်ပစ္စည်းတွေကိုပါ ကြည့်ရှုခွင့်ရမယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

Ref: Reader’s Digest; “Princess Diana’s Rarely Seen Possessions Are on Display at Buckingham Palace”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top