ဘိုးအင်း ၇၇၇ လေယာဉ်ကိုမောင်းနှင်ခွင့်ရတဲ့ ကမ္ဘာ့အသက်အငယ်ဆုံးလေယာဉ်မှူး

1501127926658.jpg

ပတ်ဝန်းကျင်က မဖြစ်နိုင်ဘူးလို့ ထင်မြင်ယူဆခဲ့ကြပေမယ့် အန်နီဒီဗီယာကတော့ သူ့အိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဘိုးအင်း ၇၇၇ လေယာဉ်မောင်းသူတွေထဲမှာ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးလေယာဉ်မှူးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီဗီယာကို လေယာဉ်မောင်းသင်တန်း မပို့ဖို့ သူ့မိဘတွေကို ပတ်ဝန်းကျင်က အကြံပေးခဲ့ကြပေမယ့် ဒီဗီယာရဲ့မိဘတွေက သမီးဖြစ်ချင်တာကို ပံ့ပိုးပေးခဲ့တဲ့အတွက် ဒီဗီယာ ကံကောင်းခဲ့ပါတယ်။ ဒီဗီယာကို လေယာဉ်မောင်းနှင်ရေး အကယ်ဒမီပို့ဖို့အတွက် သူ့မိဘတွေမှာ ကုန်ကျစရိတ် တော်တော်များခဲ့ပါတယ်။

အန်ဒါပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ ဒီဗီယာဟာ အသက် ၁၇ နှစ်အရွယ်မှာ အင်ဒီယာဂန္ဒီ လေယာဉ်မောင်းနှင်ရေး အကယ်ဒမီမှာ ပညာသင်ကြားခဲ့ပြီး ကြိုးစားတဲ့အတွက် ပညာသင်ဆုလည်း ရခဲ့ပါတယ်။ ၁၉ နှစ်အရွယ်မှာ သင်တန်းပြီးဆုံးခဲ့ပြီး အိန္ဒိယလေကြောင်းလိုင်းမှာ အလုပ် ဝင်လုပ်ခဲ့ပါတယ်။ အဆက်မပြတ် ကြိုးစားခဲ့တဲ့ ဒီဗီယာဟာ ဘိုးအင်း ၇၃၇ လေယာဉ်မောင်းနှင်ဖို့ စပိန်နိုင်ငံကို ပညာတော်သင် သွားခွင့်ရခဲ့ပြီး လန်ဒန်မှာ ဘိုးအင်း ၇၇၇ လေယာဉ် မောင်းနှင်ဖို့ သင်ကြားခွင့် ရခဲ့ပါတယ်။

သူ့ရဲ့အိပ်မက်ကတော့ အင်ဂျင်နှစ်လုံးတပ် လေယာဉ်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဘိုးအင်း ၇၇၇ လေယာဉ်ကို မောင်းနှင်ခွင့် ရရှိရေးပါပဲ။ သူဟာ ဘိုးအင်း ၇၃၇ လေယာဉ်မှူးလုပ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် အဲဒီအခွင့်အရေးကို လက်လွှတ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ အသက် ၃၀ အရွယ်ရှိတဲ့ ဒီဗီယာဟာ ဘိုးအင်း ၇၇၇ လေယာဉ်မှူးဖြစ်လာခဲ့ပြီး သူရတဲ့ဝင်ငွေနဲ့ မိဘတွေအတွက် အိမ်ဝယ်ပေးနိုင်ခဲ့သလို မောင်တစ်ယောက်နဲ့ ညီမတစ်ယောက်ကိုလည်း နိုင်ငံခြားမှာ ပညာသင်ဖို့ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေ
အနေနဲ့ သူတို့ရဲ့အိပ်မက်တွေကို အချိန်မနှေးဘဲ အကောင်အထည်ဖော်ကြပါလို့ ဒီဗီယာက တိုက်တွန်းထားပါတယ်။

Ref : Independent News : An Indian woman has become the youngest female commander of a Boeing 777 aircraft in the world

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top