ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်အဖြစ် a Sure Company မှ ဝန်ထမ်းများအား ရာသီတုပ်ကွေး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့

asure3.webp

a Sure Company အနေဖြင့် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ လူမှုစီးပွားရေးဘဝများကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်စေရန် ရည်ရွယ်ပြီး Sure Foundation ကို ထူထောင်ခဲ့ကာ ပထမဆုံးခြေလှမ်းအနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိ ဝန်ထမ်းများအတွက် အခမဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၄ ရက် နှင့် ၅ ရက် နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်မှတစ်ဆင့် လူအများနှင့် နေ့စဉ် ထိတွေ့ဆက်ဆံရသည့် Frontline Sales ဝန်ထမ်းများနှင့် ယာဉ်မောင်းများ စုစုပေါင်း ဝန်ထမ်း (၁၀၀) ဦးကို ရာသီတုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ပါသည်။

Centers for Disease Control and Prevention (CDC) ၏ ထုတ်ပြန်ချက်များအရလည်း တုပ်ကွေးရောဂါသည် မည်သည့်အချိန်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း ရောဂါအများစုမှာ ရာသီအကူးအပြောင်းကာလများ အထူးသဖြင့် မိုးရာသီနှင့် အေးမြသောရာသီများတွင် အဖြစ်များသောကြောင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ရာသီတုပ်ကွေးနှင့် တုပ်ကွေးနှင့်ဆက်နွယ်သောရောဂါများ ဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်သည့်အတွက် ဝန်ထမ်းများအတွက် ပိုမိုဘေးကင်းပြီး ကျန်းမာသောလုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်မည့်အပြင် ၎င်းတို့ မိသားစုဝင်များ၏ လူမှုဘဝကျန်းမာရေးကိုပါ တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။


a Sure Company ၏ Founder နှင့် Chief Executive Officer ဖြစ်သူ ကိုသီဟဇော်မှ “ဝန်ထမ်းတွေရဲ့ စိတ်ရော၊ ကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးဟာ ကျွန်တော်တို့ a Sure Company အတွက် တကယ့်ကို အရေးကြီးပါတယ်။ ကုမ္ပဏီရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးဟာ လုပ်ငန်းတစ်ခု ရေရှည်အောင်မြင်မှုအတွက်လည်း အရေးပါတာကြောင့် စွမ်းဆောင်ရည်မြင့်မားပြီး ကျန်းမာလုံခြုံတဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ ခြေလှမ်းတစ်ခုအနေနဲ့ ရန်ကုန်ရုံးချုပ်မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်နှင့် ၅ ရက်၊ မန္တလေးရုံးချုပ်မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်မှာ ဝန်ထမ်းတွေအတွက် ရာသီတုပ်ကွေးကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပါတယ်။ ဝန်ထမ်းတွေအတွက် အထောက်အပံ့ကောင်းတွေပေးနိုင်တဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နိုင်စေဖို့အတွက် ကြိုးစားနေသလို နောက်ထပ်လည်း Personal ရော၊ Professional ပါ တိုးတက်နိုင်စေဖို့ အစီအစဉ်တွေ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

a Sure Company ၏ Business Development Manager ကိုရန်နိုင်လင်း မှလည်း ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် “ကျွန်တော်တို့ကိုယ်တိုင်ကျန်းမာနေမှ အလုပ်ကို သေသေချာချာနဲ့ အောင်မြင်စွာလုပ်နိုင်မှာ ဖြစ်သလို မိသားစုကိုလဲ သေချာစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် Company က အခုလို ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးတာကြောင့် ဝန်ထမ်းတွေကို တန်ဖိုးထားတဲ့ လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေရတယ်လို့ ပိုပြီး ခံစားရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

World Health Organization (WHO) ၏ အချက်အလက်များအရ ရာသီတုပ်ကွေးသည် ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် လူပေါင်း (၁) ဘီလီယံခန့်ကို ကူးစက်နိုင်ပြီး ပြင်းထန်သောအခြေအနေများအဖြစ် လူ (၃) သန်းမှ (၅) သန်းခန့် ဖြစ်ပွားနိုင်ကာ နှစ်စဉ် လူ (၂၉၀,၀၀၀) မှ (၆၅၀,၀၀၀) ခန့် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။ ပိုမိုဘေးကင်းပြီး ကျန်းမာသောလုပ်ငန်းခွင်ကောင်းတစ်ခုသည် တစ်ဦးတစ်ယောက်ချင်းစီ၏ တိုးတက်မှုခရီးလမ်းကို အထောက်အပံ့တစ်ခုဖြစ်စေနိုင်သည့်အတွက် a Sure Company အနေဖြင့် လက်ရှိ ဝန်ထမ်း (၃၁၀) ဦးတို့၏ ကိုယ်စီအရည်အချင်းများကို တိုးတက်ကောင်းမွန်စေပြီး လူမှုစီးပွားရေးဘဝများ ကောင်းမွန်လာစေရန် တစ်ဖက်တစ်လမ်းမှ ဆက်လက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top