“ရာထူး၊ အာဏာလိုချင်လို့ဝင်ပြိုင်တာလည်းမဟုတ်ဘူး”ဟု စည်ပင်ကိုယ်စားလှယ်လောင်းဦးမျိုးမြင့်ပြော

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၄) ကနေ ကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဦးမျိုးမြင့်ကို ရိုးရာလေးက မေးမြန်းဖြစ်ခဲ့ပါတယ်။

မဲဆန္ဒနယ် (၄) မှာပါဝင်တဲ့မြို့နယ်တွေကတော့ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ ဒေါပုံ၊ သာကေတ၊ ဒလနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေ ဖြစ်ပါတယ်။

ကော်မတီဝင်အဖြစ် မဲဆန္ဒနယ် (၄) မှာဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ကိုယ်စားလှယ်လောင်းဦးမျိုးမြင့်က “ရာထူးလိုချင်လို့ဝင်ပြိုင်တာလည်းမဟုတ်ဘူး၊ အာဏာလိုချင်လို့လည်းဝင်ပြိုင်တာလဲ မဟုတ်ဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်မြို့ကိုယ်ရွာ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့စေတနာနဲ့ဝင်ပြိုင်တာ။ ဒီဟာတွေပေါ်မှာ တပ်မက်ပြီးပြိုင်တာမဟုတ်ဘူးဆိုတဲ့ ကိုယ့်စိတ်ကိုကိုယ်သိနေလို့ ရဲရဲကြီးအာမခံရဲပါတယ်”လို့ ပြောပြပါတယ်။

Cherry
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top