မင်္ဂလာဆောင်ဓာတ်ပုံတွေကို သတို့သားဗီဂျေးနဲ့ သတို့သမီး ရရှ်မီကားတို့ ကိုယ်တိုင်ထုတ်ပြ

mgph-1.jpg

Geetha Govindam နဲ့ Dear Comrade ဇာတ်ကားတွေမှာ ဓာတုဗေဒမိမိ သရုပ်ဆောင်ခဲ့ပြီး လက်တွေ့ဘဝမှာပါ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ နာမည်ကြီးအိန္ဒိယအနုပညာရှင်စုံတွဲဖြစ်တဲ့ မင်းသား ဗီဂျေးဒီဗာရာကွန်ဒါ နဲ့ မင်းသမီး ရရှ်မီကား မန်းဒန်နာတို့ဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့၊ မနက် ၁၀ နာရီမှာ ရိုးရာ Telugu မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒုတိယအခမ်းအနားကို ညနေပိုင်းမှာ ရရှ်မီကားရဲ့ Kodava ရိုးရာဓလေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပခဲ့ပါတယ်။

အခုဆို သူတို့ရဲ့တရားဝင်မင်္ဂလာဆောင်ဓာတ်ပုံတွေက ထွက်ပေါ်လာခဲ့ပါပြီ။ ဗီဂျေးနဲ့ ရရှ်မီကားတို့ကိုယ်တိုင် သူတို့ရဲ့အင်စတာဂရမ်အကောင့်မှာ စာအရှည်ကြီးတွေနဲ့ ဓာတ်ပုံတွေကို တင်ပေးခဲ့တာပါ။ ဗီဂျေး တင်ခဲ့တဲ့ ဓာတ်ပုံတချို့မှာ ရရှ်မီကား ဝမ်းသာပီတိမျက်ရည်ကျခဲ့တဲ့ဓာတ်ပုံလည်း ပါဝင်ပါတယ်။

ဗီဂျေးနဲ့ ရရှ်မီကားတို့က ဥဒိုင်ပူရ်မြို့ပြင် ၅၀ ကီလိုမီတာအကွာရှိ ဇိမ်ခံဟိုတယ် ITC Mementoesမှာ မိသားစုဝင်တွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေရှေ့မှောက် လက်ထပ်ခဲ့ကြတာပါ။ သတို့သား၊ သတို့သမီးက မင်္ဂလာပွဲကျင်းပရာနေရာမှာ ရှိခဲ့တဲ့ ပါပါရာဇီတွေကို မုန့်အချိုတွေပေးပို့ပေးခဲ့တယ်လို့လည်း သတင်းအရင်းအမြစ်တစ်ခုက ဆိုထားပါတယ်။

Ref: Rashmika Mandanna And Vijay Deverakonda Are Now Married. First Pics Out

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top