အာဆီယံထိပ်သီး အစည်းအဝေးတက်ဖို့ တောင်ကိုရီးယားနိုင်ငံရဲ့ ဖိတ်ခေါ်ချက်ကို မြောက်ကိုရီးယားငြင်းဆန်

yyl-004-10.jpg

လာမယ့်တစ်ပတ်အတွင်း တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံက ဖိတ်ခေါ်ခဲ့ပေမဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပယ်ချခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။ နိုဝင်ဘာလ ၅ ရက်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်က ကင်ဂျုံအန်ကို အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်စာပေးပို့ခဲ့ပြီး သူကိုယ်တိုင် မတက်ရောက်နိုင်ရင်လည်း သံတမန်အဖွဲ့ စေလွှတ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် လာမယ့်တစ်ပတ်ကျရင် ဘူဆန်မြို့မှာ ထိပ်သီးအစည်းအဝေးလုပ်ဖို့ စီစဉ်ထားပါတယ်။ ထိပ်သီးအစည်းအဝေးတက်ဖို့ တောင်ကိုရီးယားနိုင်ငံရဲ့ ဖိတ်ခေါ်မှုကို ကျေးဇူးတင်တယ်၊ ဒါပေမဲ့ အဲဒီအစည်းအဝေးကို ကင်ဂျုံအန် တက်ရောက်သင့်တဲ့ အကြောင်းရင်း ရှာမတွေ့တာကို တောင်ကိုရီးယားနိုင်ငံဘက်က နားလည်ပေးဖို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။ ကိုရီးယားနှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ မြင့်တက်နေလို့ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ အချိန်ကောင်းမဟုတ်ဘူးလို့ ဆိုပါတယ်။ ကိုရီးယားကျွန်းဆွယ်အရေး ဖြေရှင်းရာမှာ တောင်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံကို မှီခိုနေပြီး ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်အောင် လုပ်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top