ဂျပန်နိုင်ငံရဲ့ ဆူနာမီလှိုင်းဒဏ် ကာကွယ်ရေးတံတိုင်းကြီး

japan.jpg

ဂျပန်နိုင်ငံမှာ ဆူနာမီလှိုင်းဒဏ် ကာကွယ်နိုင်ဖို့ တည်ဆောက်နေတဲ့ တံတိုင်းကြီး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အရှေ့မြောက် ကမ်းရိုးတန်းတစ်လျှောက်မှာ ၃၉၅ ကီလိုမီတာ ရှည်လျားပြီး ၁၂.၅ မီတာ (၄၁ ပေ) မြင့်မားတဲ့ တံတိုင်းကြီး တည်ဆောက်လျက်ရှိပြီး ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ သိရပါတယ်။


ရေပမာဏ တန်ချိန် ၁၆ သန်းပါဝင်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေကို ကာကွယ်ပေးနိုင်ဖို့ အဲဒီတံတိုင်းကြီးကို တည်ဆောက်နေတာဖြစ်ပြီး တံတိုင်းရဲ့အနောက်မှာတော့ သစ်ပင်ပေါင်း ၉ သန်း ပါဝင်တဲ့ တောအုပ်ကြီးကို ဒုတိယအကာအရံအဖြစ် စီမံစိုက်ပျိုးမှာ ဖြစ်ပါတယ်။


၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီလှိုင်းဒဏ်ကြောင့် ဂျပန်နိုင်ငံမှာ လူ ၂၀၀၀၀ ဝန်းကျင် သေဆုံးခဲ့ပြီးနောက် ဂျပန်အစိုးရက သူတို့ရဲ့ ရှိပြီးသား တံတိုင်းကို ပြင်ဆင်ဖို့၊ ဆူနာမီလှိုင်းဒဏ်ခံ တံတိုင်းတည်ဆောက်ဖို့အတွက် ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Ref: Japan’s 400 Kilometre Tsunami Shield

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top