ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာလို့ နယူးဇီလန်ဝန်ကြီးချုပ်ရဲ့ မင်္ဂလာပွဲရွှေ့ဆိုင်း

20-2-2022-yyl30.jpg

ကိုဗစ်-၁၉ ရောဂါ တားဆီးထိန်းချုပ်ရေး စည်းမျဉ်းသစ်တွေ ချမှတ်လိုက်ပြီးနောက်မှာ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က သူ့ရဲ့မင်္ဂလာပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုကြောင့် နယူးဇီလန်တစ်နိုင်ငံလုံးမှာ အတင်းကျပ်ဆုံး စည်းမျဉ်းတွေ ချမှတ်ထားရပါတယ်။

တားဆီးကန့်သတ်မှု စည်းမျဉ်းတွေအရ အခမ်းအနားတွေမှာ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၀၀ အထိပဲ တက်ရောက်ခွင့်ပြုပြီး ဈေးဆိုင်တွေ၊ အများပြည်သူ ပို့ဆောင်ရေးစနစ်တွေမှာ နှာခေါင်းစည်း တပ်ဆင်ကြရမယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

” ကပ်ရောဂါကြောင့် စိတ်ပျက်စရာ သက်ရောက်မှုတွေ ကြုံတွေ့ခဲ့တဲ့ နယူးဇီလန်နိုင်ငံသား ထောင်ပေါင်းများစွာနဲ့အတူ ကျွန်မ တစ်သားတည်း ရှိနေတယ်လို့ ပြောရဲပါတယ်။ ချစ်တဲ့သူတစ်ယောက် အသည်းအသန်နာမကျန်းဖြစ်နေရင်လည်း သူတို့နဲ့အတူ ရှိခွင့်မရတဲ့အဖြစ်က ဝမ်းနည်းစရာအကောင်းဆုံးပါပဲ။ အဲဒီလိုဝမ်းနည်းစရာဖြစ်ရပ်က ကျွန်မကြုံရတဲ့အဖြစ်နဲ့စာရင် အများကြီး ပိုဆိုးပါတယ်” လို့ ဂျာစင်ဒါအာဒန်က ပြောပါတယ်။

ကန့်သတ်မှု စည်းမျဉ်းသစ်တွေဟာ တနင်္ဂနွေနေ့ နံနက်ကနေ စတင်အကျုံးဝင်မှာ ဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရသူ ၉ ယောက် တွေ့ရှိခဲ့ပြီးနောက် အခုလို စည်းမျဉ်းချမှတ်ခဲ့တာပါ။

Ref: BBC “Covid: New Zealand PM Ardern cancels wedding amid Omicron wave”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply