မမျှော်လင့်ဘဲ သူတို့နဲ့ ရုပ်ချင်းဆင်တဲ့သူကို တွေ့ခဲ့ကြသူများ

29-6-2022-yyl17.jpg

အန်ဒရူး ဇင်မန်းနဲ့ သူ့ရဲ့ကိုယ်ပွား

“လူတူမရှား၊နာမည်တူမရှား”ဆိုတဲ့စကားအတိုင်းပါပဲ။ ကမ္ဘာပေါ်မှာ နာမည်တူတဲ့သူတွေအများကြီးရှိသလို ရုပ်တူတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ နာမည်တူတာကတော့ မထူးဆန်းပေမဲ့ သွေးသားမတော်စပ်ဘဲ ရုပ်တူတာကတော့ အံ့ဩစရာပါပဲ။ သွေးသားတော်စပ်ကြတဲ့ တချို့အမြွှာတွေတောင် ရုပ်အရမ်းမတူတာတွေရှိတာကြောင့် သွေးသားမတော်စပ်ပဲ ရုပ်အရမ်းတူနေရင် ဘာလို့ ရုပ်ချင်းအရမ်းတူတာလဲလို့ စဉ်းစားစရာပါပဲ။ ဝေးကွာသွားခဲ့တဲ့ အမြွှာတွေများဖြစ်နေမလားလို့ တွေးမိနေပါလိမ့်မယ်။

တောင်တက်သွားရင်း သူနဲ့ရုပ်ချင်းတူသူကို တွေ့ခဲ့သူ
စားသောက်ဆိုင်ဝန်ထမ်းနဲ့ ရုပ်ချင်းတူနေသူ (စားသောက်ဆိုင်လာစားတဲ့သူကို စားပွဲထိုးက “မီးဖိုချောင်ထဲမှာ မင်းနဲ့ရုပ်တူတဲ့သူရှိတယ်..ခေါ်လာပေးရမလားတဲ့)
ပြတိုက်မှာ ပြထားတဲ့ ၁၉၂၀ခုနှစ်ရဲ့ပန်းချီကားထဲက အမျိုးသမီးနဲ့ ရုပ်တူနေသူ
တုပ်ကွေးကာကွယ်ဆေးသွားထိုးရင်း ဆရာဝန်က သူနဲ့ရုပ်တူနေသောအခါ
ခရစ်စ္စမတ်လက်ဆောင်အဖြစ် ရခဲ့တဲ့ စာအုပ်ထဲက ကာတွန်းရုပ်နဲ့ ရုပ်တူနေတဲ့ ကလေးလေး
ဖျော်ဖြေပွဲတစ်ခုမှာ ရုပ်ချင်းဆင်တဲ့သူကို တွေ့ခဲ့တဲ့အမျိုးသား
ရုပ်ချင်းတူတဲ့သူနဲ့ အမှတ်မထင်တွေ့ဆုံမိတဲ့အခါ
သူ့ထက် ငါးနှစ် ငယ်တဲ့ ဘယ်ဂျီယံက ရုပ်တူတဲ့သူကို နယူးယောက်မြို့မှာ တွေ့ခဲ့သူ
ပန်းချီကားထဲက‌ ကောင်မလေးနဲ့ ရုပ်တူနေသူ

တချို့လူတွေက သူတို့နဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ သူကို မမျှော်လင့်ဘဲ တွေ့ဆုံမိခဲ့ကြပါတယ်။ အမှတ်မထင်တွေ့လိုက်ရတဲ့အခါ သွေးသားမတော်စပ်ဘဲ ရုပ်ချင်းတူလွန်းလို့ တအံ့တဩဖြစ်ခဲ့ရပါတယ်။ အမြွှာတွေတောင် သူတို့လောက် ရုပ်ချင်းဆင်ကြမယ်မထင်ပါဘူး။ မမျှော်လင့်ဘဲ ရုပ်ချင်းတူတဲ့သူနဲ့ တွေ့ခဲ့ကြတဲ့သူတွေက Reddit လူမှုကွန်ယက်မှာ ပုံတွေနဲ့တကွ မျှဝေပေးခဲ့တာပါ။ သူတို့တွေ ရုပ်ချင်းတူမတူ စာဖတ်ပရိသတ်တွေ ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦး…။

Ref: Brightside “People Who Found Their Look-Alikes in the Most Unexpected Places”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top