အမေရိကန်မှာ TikTok ပိတ်ပင်တဲ့ ပထမဆုံးပြည်နယ်

19.5.2023-yyl-၃.jpg

အခုဆို အမေရိကန်နိုင်ငံမှာ မွန်တားနားပြည်နယ်ဟာ တရုတ်ပိုင် TikTok အက်ပလီကေးရှင်းကို ပိတ်ပင်တဲ့ ပထမဆုံးပြည်နယ်ဖြစ်လာပါပြီ။ အဲဒီပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးဂရက်ဂျ် ဂျီအန်ဖော်တီက မွန်တားနားဒေသခံတွေရဲ့ကိုယ်ရေးကိုယ်တာနဲ့ အတွင်းရေးဒေတာအချက်အလက်တွေကို ကာကွယ်တဲ့အနေ TikTok ကို ပိတ်ပင်ဖို့ ဥပဒေကြမ်းကို မေလ ၁၈ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာတုန်းကတော့ မွန်တားနားပြည်နယ်က အစိုးရပိုင်စက်ပစ္စည်းကိရိယာတွေမှာ TikTok အသုံးပြုတာ၊ Down တာတွေကို တားမြစ်ပြီးသွားခဲ့တာပါ။ ပြည်နယ်တစ်ဝှမ်းမှာ TikTok ပိတ်ပင်တာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ပြီး Google နဲ့ Apple App Store တွေကနေ TikTok ကို Down တာလည်း တားမြစ်သွားမှာပါ။

ဒါပေမဲ့ အက်ပလီးကေးရှင်းသုံးတာကို ပြစ်ဒဏ်ပေးမှာမဟုတ်ပါဘူး။ ပိတ်ပင်တာကို ချိုးဖောက်တာတွေ့ရင် App Store နဲ့ TikTok တွေက တစ်နေ့ကို ချိုးဖောက်မှုတစ်ခုစီအတွက် ကန်ဒေါ်လာ ၁၀၀၀၀ ဒဏ်ရိုက်ခံရနိုင်ပါတယ်။

အုပ်ချုပ်ရေးမှူးဂရက်ဂျ် ဂျီအန်ဖော်တီက နိုင်ငံပိုင်ကွန်ရက်ကနေ နိုင်ငံခြားပြိုင်ဘက်တွေဆီ ကိုယ်ရေးကိုယ်တာအချက်အလက်၊ ဒေတာတွေကို ပေးနေတဲ့ အက်ပလီးကေးရှင်းတွေကို တားမြစ်ဖို့ အခြားစီမံချက်ကိုလည်း လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီအက်ပလီးကေးရှင်းတွေမှာ တရုတ်အခြေစိုက် ByteDance ကုမ္ပဏီရဲ့ CapCut နဲ့ Lemon8 အပြင် ရုရှားတည်ထောင်ထားတဲ့ Telegramတွေလည်း ပါဝင်ပါတယ်။

Ref: Montana becomes 1st state in US to ban TikTok

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top