ရေထဲမှ ပလတ်စတစ်အမှုန်အမွှားတွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝနည်းလမ်းကို ရှာဖွေတွေ့ရှိ

စူခေ.jpg

ရေထဲမှ အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှား ၉၀ ရာခိုင်နှုန်းလောက်အထိ ဖယ်ရှားပေးနိုင်မယ့် သဘာဝနည်းလမ်းတစ်ရပ်ကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ACS Omega စာစောင်မှာ ရေးသားဖော်ပြမှုအရ ရုံးပတီသီး၊ ပဲနံ့သာစေ့‌တွေဟာ သဘာဝပိုလီမာတွေဖြစ်ပြီး အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှားတွေကို စုစည်းသွားစေပြီး အလွယ်တကူ ဖယ်ရှားနိုင်အောင် ကူညီပေးတယ်လို့ သိရပါတယ်။

ရုံးပတီသီးဟာ ရေငန်ထဲမှ ပလတ်စတစ်အမှုန်အမွှားတွေကို ဖယ်ရှားပေးရာမှာ ထိရောက်မှုအရှိဆုံးဖြစ်ပြီး ပဲနံ့သာစေ့ကတော့ ရေချိုမှာ ထိရောက်မှုအားကောင်းတယ်လို့ စမ်းသပ်မှုတွေမှာ တွေ့ရပါတယ်။ သဘာဝနည်းလမ်းဖြစ်တဲ့ ရုံးပတီသီးနဲ့ ပဲနံ့သာစေ့‌တွေကို အသုံးပြုခြင်းဟာ (ပလတ်စတစ်အမှုန်အမွှားတွေကို ဖယ်ရှားဖို့ အသုံးပြုတဲ့) ပိုလီအခရိုင်းလမိုက် ဓာတုဗေဒပိုလီမာတွေလို အန္တရာယ်ဖြစ်စေတဲ့ အကြွင်းအကျန်တွေ ကျန်နေခဲ့တာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

Ref: Researchers have discovered a natural way to remove up to 90% of microplastics from water using plant extracts.

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top