ဘရတ်ပစ်နဲ့ အင်ဂျလီနာဂျိုလီတို့ တကယ်ကွာရှင်းဖြစ်မှာလား

yyl-016.jpg

လွန်ခဲ့တဲ့ တစ်ပတ်က ဂျိုလီရဲ့ အိမ်မှာ ရပ်ထားတဲ့ ဘရတ်ပစ်ရဲ့ ကားကို ဓာတ်ပုံရိုက်ယူခဲ့ပြီး အခုလို သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ သူတို့ နှစ်ဦး အနေနဲ့ ကွာရှင်းဖို့ လျှောက်ထားဆဲ ဖြစ်ပြီး အခုလို တွေ့ရှိခဲ့တဲ့ အတွက် ပြန်လည် ပေါင်းစည်းဖို့ ဖြစ်လာနိုင်ဦးမလားလို့ ထင်ကြေးပေးနေကြတာတွေလည်း ရှိနေခဲ့ပါတယ်။

ဒါပေမယ့်လည်း သူတို့နှစ်ဦးဟာ 2016 စက်တင်ဘာကတည်းက လမ်းခွဲခဲ့ကြတာဖြစ်ပြီး ပြန်လည် ပေါင်းစည်းဖို့ မရှိဘူးလို့ပဲ သတင်းတွေအရ သိရပါတယ်။ သူတို့နှစ်ဦးနဲ့ နီးစပ်သူတွေရဲ့ ပြောတဲ့ စကားတွေအရတော့ သူတို့နှစ်ဦး ပြန်လည် အဆင်ပြေဖို့မရှိဘဲ ကလေးတွေအရေးနဲ့ ကွာရှင်းဖို့ အရေးကို ပဲ ရှေ့ဆက်ပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မကြာသေးခင်ကပဲ အင်ဂျလီနာဂျိုလီ အနေနဲ့လည်း သရုပ်ဆောင်လောကထဲ ပြန်ဝင်လာတော့မယ်လို့ ပြောဆိုခဲ့တာတွေ ရှိပါတယ်။ သူမဟာ ဒါရိုက်တာ အနေနဲ့ ရုပ်ရှင် ရိုက်ကူးခဲ့ပေမယ့် ဇာတ်ဆောင်မင်းသမီးအနေနဲ့ တစ်နှစ်ကျော်ကြာ ပျောက်ကွယ်နေခဲ့တာပါ။ သူမ အနေနဲ့ အခုအခါမှာတော့ မင်းသမီး တစ်ယောက်အဖြစ် ပြန်မြင်ရဖို့ ရှိတယ်လို့ ဆိုခဲ့ပြီး Maleficent 2 နဲ့ သူမကို ပြန်မြင်တွေ့ရမယ်ဆိုတဲ့ သတင်းတွေကြားနေရပါတယ်။
Ref: Brad Pitt and Angelina Jolie ‘dismiss persistent reunion reports as it’s claimed nothing has changed and the divorce is moving forward’

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top