အသက် ၂၉ နှစ်အရွယ် လက်ဝှေ့နည်းပြနဲ့ ချိန်းတွေ့နေတဲ့ အဆိုတော်မက်ဒေါနား

2.3.2023-yyl-iamge-4.jpg

ပေါ့ပ်ဂီတဘုရင်မ အဖြစ်တင်စားခေါ်ဝေါ်ခံရတဲ့ အဆိုတော်မက်ဒေါနားဟာ အသက် ၂၃ နှစ်အရွယ် သူ့ချစ်သူကောင်လေးမော်ဒယ်အန်ဒရူး ဒါနယ်လ်နဲ့ လမ်းခွဲခဲ့ပြီးနောက် အသက် ၂၉ နှစ်အရွယ် လက်ဝှေ့နည်းပြနဲ့ ချိန်းတွေ့နေတယ်လို့သတင်းထွက်ရှိနေပါတယ်။ အသက် ၆၄ နှစ်အရွယ် မက်ဒေါနားက နယူးယောက်မြို့က Bredwinners Gym တည်ထောင်သူလည်းဖြစ်တဲ့၊ သူ့ရဲ့ကလေးတွေထဲက တစ်ဦးကိုလည်း လေ့ကျင့်သင်ကြားပေးနေတဲ့ လက်ဝှေ့နည်းပြဂျော့ချ် ပေါ့ပ်ပါနဲ့ တွဲနေတယ်လို့အတွင်းသတင်းတွေအရ သိရပါတယ်။

မက်ဒေါနားနဲ့ ဂျော့ချ်တို့ တစ်ယောက်နဲ့တစ်ယောက်မေတ္တာသက်ဝင်နေကြတယ်လို့ မတ်လ ၁ ရက်နေ့က Dailymail သတင်းဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့လက မက်ဒေါနားဟာ သူ့ရဲ့အင်စတာဂရမ် Storyမှာ ဂျော့ချ်ရဲ့လက်မောင်းကိုကိုင်ထားပြီး ပခုံးကို မျက်နှာအပ်ထားတဲ့ပုံတွေကိုလည်း တင်ခဲ့တာတွေ့ရပါတယ်။

ဂျော့ချ်က အဲဒီပုံတွေထဲက တစ်ပုံကိုလည်း သူ့ရဲ့အကောင့်မှာ တင်ခဲ့ပြီး မက်ဒေါနားပခုံးကိုဖက်ပြီးရိုက်ထားတဲ့ပုံလည်း ပါဝင်ပါတယ်။ ဂျော့ချ်ဟာ Bredwinners Gym လက်ဝှေ့အားကစားရုံမဖွင့်ခင် လွန်ခဲ့တဲ့ ၃ နှစ်နီးပါးက အသက်အာမခံတွေရောင်းချနေခဲ့တာပါ။ သူက Summer House Reality Show နောက်ဆုံး season မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ သူ မက်ဒေါနားနဲ့တွဲနေတယ်ဆိုတာကို အတည်ပြုထားခြင်းမရှိသလို ငြင်းဆိုထားခြင်းလည်းမရှိပါဘူး။

Ref: Madonna, 64, reportedly dating 29-year-old boxer after splitting from model, 23

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top