ကိုရီးယား မင်းသား လီမင်ဟို ရဲ့ အကြောင်း

min.jpg

ဒီတစ်ခေါက်မှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား လီမင်ဟိုရဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လီမင်ဟိုကို ၁၉၈၇ ခုနှစ် ဇွန်လ ၂၂ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ မင်ဟိုရဲ့ အဖေက စီးပွားရေး သမားတစ်ဦးဖြစ်ပြီး မင်ဟိုရဲ့ အမေကတော့ အိမ်ထောင်ရှင်မ တစ်ဦး ဖြစ်ပါတယ်။ သူ့မှာ အစ်မ တစ်ယောက်ရှိပြီး သူမကတော့ လီမင်ဟိုရဲ့ အေဂျင်စီဖြစ်တဲ့ MYM Entertainment ရဲ့ CEO ပဲ ဖြစ်ပါတယ်။ လီမင်ဟိုရဲ့ ငယ်ဘဝ အိ်မ်မက်ကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ မဟုတ်ခဲ့ဘဲ ဘောလုံးသမား တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ သူက ငယ်စဉ် ကျောင်းသားဘဝမှာကတည်းမှာ ကျောင်းမှာ လူသိများသူတစ်ဦး ဖြစ်ခဲ့ပြီး ရုပ်ရည်ချောမောမှု အပြင် သူ့ရဲ့ ကြင်နာသနားတတ်မှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

လီမင်ဟိုရဲ့ အချစ်ရေးအကြောင်း ပြောရရင်တော့ လက်ရှိမှာ Miss A အဖွဲ့က အဆိုတော် သရုပ်ဆောင် Suzy နဲ့ ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတဲ့ အကြောင်းကို 2015 ခုနှစ်ကတည်းက တရားဝင် ကြေညာခဲ့တာပဲဖြစ်ပါတယ်။ ဆူဇီ မတိုင်ခင်ကဆိုရင်တော့ လီမင်ဟို အနေနဲ့ City Hunter ဇာတ်ကားမှာ သူနဲ့ အတူ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီး ပတ်မင်ယောင်းနဲ့ ချစ်ကြိုက်ခဲ့ဖူးပါသေးတယ်။

သူပထမဆုံး ခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ကိုရီးယားစီးရီးကတော့ ၂၀၀၆ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ Secret Campus ဆိုတဲ့ လူငယ် ကျောင်းသားစီးရီး မှာပဲ ဖြစ်ပါတယ်။ လီမင်ဟိုကို ဘယ်ဇာတ်ကားနဲ့ လူသိများလာခဲ့သလဲ ဆိုတာကတော့ အထူးအထွေ ပြောနေစရာလိုမယ်မထင်ပါဘူး။ ဂူဂျွန်ပျို ဆိုတဲ့ ဇာတ်ကောင် အဖြစ် သူသရုပ်ဆောင်ခဲ့တဲ့ Boys Over Flowers (2009) (F4 ချစ်သူ) ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ သူ့ကို လီမင်ဟို ဆိုပြီး အအောင်မြင်ဆုံး ဖြစ်သွားစေခဲ့တာပါ။ သူဆက်လက် ပါဝင်ရိုက်ကူးခဲ့တဲ့ City Hunter (2011) ၊ The Heirs (2013) တို့အပြင် သူနောက်ဆုံး ရိုက်ကူးခဲ့တဲ့ တီဗီစီးရီး The Legend of the Blue Sea (2016) တို့နဲ့ အတူ သူ့ရဲ့ အောင်မြင်မှုကို အကောင်းဆုံး ထိန်းသိမ်း ထားနိုင်ဆဲ မင်းသားတစ်လက်လို့ဆိုရမှာပါပဲ။

စီးရီးတွေအပြင် Gangnam Blues (2015) နဲ့ Bounty Hunters (2016) လို အောင်မြင်တဲ့ ရုပ်ရှင်တွေမှာလည်း သူအဓိက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဟောလိဝုဒ်က ရုပ်ရှင်ထုတ်လုပ်ရေးတွေကနေ သူ့ကို ကမ်းလှမ်းတာတွေရှိခဲ့ပေမယ့် သူ့အနေနဲ့ လိုအပ်ချက်တွေရှိ နေသေးတယ်လို့ ထင်တာကြောင့် လက်မခံသေးဘူးလို့ သိရပါတယ်။ ဒါ့ပြင် လီမင်ဟိုဟာ သီချင်းတွေလည်း သီဆိုသူဖြစ်ပြီး သူပါဝင် သရုပ်ဆောင်တဲ့ ဇာတ်လမ်းက ဇာတ်ဝင် သီချင်းတွေကို ကိုယ်တိုင် သီဆိုလေ့ရှိသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လီမင်ဟိုဟာ စစ်မှုထမ်းနေတာဖြစ်ပြီး သူ့ရဲ့ စစ်မှုထမ်းကာလကတော့ 2017 မေလကမှ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top