သစ်သီးအခြောက် တွေက ကျန်းမာရေးနဲ့ ညီညွှတ်ပါရဲ့လား

driedfruitlarge.jpg

စပျစ်သီးခြောက်၊ သရက်သီးခြောက်၊ ဆီးသီးခြောက် စတဲ့သစ်သီးခြောက်တွေ၊ တခြား သစ်ဖုအခြောက်တွေနဲ့ အသင့်စား ထုတ်ပိုး ပြုလုပ်ထားတဲ့စားစရာတွေက ကျန်းမာရေးအတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်သလဲဆိုတာ သိဖို့လိုအပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီလိုအခြောက်ခံဖို့အတွက် ရေဓာတ်တွေ ဖယ်ထုတ် လိုက်ရတဲ့အခါမှာ အာဟာရဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝ နေဖို့လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် လတ်ဆတ်တဲ့ တရုတ်ဆီးသီးတွေမှာ အမျှင်ဓာတ် ၁.၆ဂရမ်ပါပါတယ်။ အခြောက်ဆိုရင်တော့ ၄.၇ဂရမ်ပါပါတယ်။ ဒါ့ကြောင့် အသီးခြောက်တွေက အမျှင်ဓာတ်နဲ့ ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ ပိုမို ပါဝင်နေတယ်လို့ ဆိုနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ သစ်သီးခြောက် စားသုံးသူများဟာ အာဟာရဓာတ် ကြွယ်ဝစွာ ရရှိနိုင်ပြီး ကယ်လိုရီ သိပ်မတက်တတ်ပါဘူး။ ဒါပေမယ့် တစ်ခု သတိထားရမှာကတော့ သစ်သီးခြောက်တွေမှာပါဝင်တဲ့ သဘာဝ သကြားဓာတ် အချိုဓာတ်ကို ဂရုပြုမိဖို့လိုပါတယ်။ လိုအပ်တာထက် ပိုများနေရင်တော့ မကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက် စေတတ်ပါတယ်။ ပြီးတော့ ကယ်လိုရီလည်း ပိုတက်စေပါတယ်။ ဥပမာပြောရရင် လတ်ဆတ်တဲ့ စပျစ်သီးတစ်ခွက်စာ သကြား ၂၃ဂရမ်နဲ့ ၁၀၄ကယ်လိုရီပါဝင်ပေမယ့် အသီးခြောက်တစ်ခွက်မှာ သကြား ၁၁၆ဂရမ်နဲ့ ၅၂ဝကယ်လိုရီ ပါဝင်ပါတယ်တဲ့။

ဆီးချိုသမားတွေကတော့ သတိထားဖို့ လိုပါမယ်။ ဘာလို့လဲဆိုတော့ စပျစ်သီးခြောက် ဇွန်း၂ဇွန်းစာဟာ ဂဏန်း ၁၅ ဂရမ်စာလောက်နဲ့ ညီမျှတာကြောင့်ပါ။ ပြောရမယ်ဆိုရင် သစ်သီးခြောက်တွေမှာ အာဟာရဓာတ် ပြည့်စုံစွာပါပါတယ်။ ဒါပေမယ့် ရွေးချယ်စားသုံးဖို့လိုပါတယ်။ တစ်ချို့အသီးခြောက်တွေမှာ အရသာ ပိုကဲစေဖို့ ဖြည့်စွက်ဆေးတွေ ထည့်တာရှိပါတယ်။ ဒါ့ကြောင့် သတိထားပြီး အတတ်နိုင်ဆုံး သဘာဝကျကျ အာဟာရပြည့်ဝတဲ့ဟာတွေ သတိပြု ရွေးချယ်တတ်ဖို့လိုပါတယ်။
Ref: CNN Health : Is Dried Fruit Healthy
Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top