လူပေါင်း ၁၇ ဦးသေဆုံးအောင် သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ အမေရိကန် ဆယ်ကျော်သက်ကို သေဒဏ်ပေးဖို့ ကြိုးပမ်းနေ

198919-full.jpg

ပြီးခဲ့တဲ့လက ဖလော်ရီဒါပြည်နယ်က စာသင်ကျောင်းမှာ လူပေါင်း ၁၇ ဦးသေဆုံးအောင် ပစ်ခတ်မှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဆယ်ကျော်သက်လူငယ်ကို သေဒဏ်ပေးနိုင်ဖို့ အမေရိကန် အစိုးရရှေ့နေတွေက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အသက် ၁၉နှစ်အရွယ် နီကိုလက်ခရုဇ်က သူအနေနဲ့ တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ဝန်ခံထားပြီး ကြိုတင်စီစဉ်ထားတဲ့လူသတ်မှု အပါအဝင် စွဲချက် ၁၇ ခု တင်ခံထားရပါတယ်။ ဖလော်ရီဒါပြည်နယ် ပါ့ခ်လန်းက မေဂျရီ စတုန်းမန်း ဒေါက်ဂလပ်စ် (Marjory Stoneman Douglas) အထက်တန်းကျောင်းမှာ ပြီးခဲ့တဲ့လက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ရာ အဲဒီတိုက်ခိုက်မှု က ၂၀၁၂ ခုနှစ်နောက်ပိုင်း အမေရိကန် စာသင်ကျောင်းတွေမှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုတွေထဲ လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့ရပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်မှာ သေနတ်ထိန်းချုပ်ရေးအတွက် ဆွေးနွေးမှုတွေ လုပ်လာခဲ့ရပါတယ်။ အမေရိကန် အစိုးရရှေ့နေတွေက ခရုဇ်ကို သေဒဏ်ပေးနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ပြီး ရက်စွာသတ်ဖြတ်တဲ့ ရာဇာဝတ်မှုဆိုတာကို သက်သေပြမယ်လို့ ပြောခဲ့ပါတယ်။

ခရုဇ်ဟာ ပြင်းထန်ဆိုးရွားတဲ့ ပြစ်မှုကို သွေးအေးစွာ ကျူးလွန်ခဲ့တာဖြစ်ပြီး ဟန်ဆောင်မှုမရှိဘဲ ကြိုတင်ကြံစည်ထားတဲ့အတိုင်း လုပ်ဆောင်သွားတဲ့ အပြုအမူမျိုး ဖြစ်တယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက ပြောထားပါတယ်။ ခရုဇ်ရဲ့ရှေ့နေဖြစ်သူကတော့ သေဒဏ်ပေးဖို့ မစဉ်းစားဘူးဆိုရင်တောင် ခရုဇ်ရဲ့ပြစ်ဒဏ် အတွက် အယူခံဝင်သွားမယ်လို့ ဆိုခဲ့ပါတယ်။

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top