ရူပဗေဒပညာရှင် စတီဖင် ဟော့ကင်း အသက် 76 နှစ်တွင် ကွယ်လွန်

stephen-hawking-gave-a-priceless-gift-to-filmmakers-of-the-oscar-winning-movie-about-his-life.jpg

“ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဖခင်ကြီး ဟာ ဒီကနေ့ပဲ ကွန်လွန်သွားပါပြီ ကျွန်တော်တို့ တော်တော်လေး ဝမ်းနည်းရပါတယ်။ သူဟာ ကြီးမြတ်တဲ့ သိပ္ပံပညာရှင် တစ်ယောက်ဖြစ်ပြီးတော့ နှစ်ပေါင်းများစွာ သာမန်ဘဝနဲ့ နေထိုင် အလုပ်လုပ်ခဲ့ပြီး သိပ္ပံပညာ ဆိုင်ရာ အမွေအနှစ်များစွာကို ချန်ထားပေးခဲ့ပါတယ်… သူ့ရဲ့ သတ္တိ၊ မဆုတ်မနှစ်လုပ်ကိုင်လိုစိတ်၊ ဥာဏ်ရည်ထက်မြက်မှု၊ ဂုဏ်သတင်းကျော်စောမှု တွေဟာ ကမ္ဘာတစ်ဝှမ်းက လူတွေ အပေါ် လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး ထာဝရ သတိရနေမှာပါ” လို့ သူ့ မိသားစုက ပြောပါတယ်။

‌- အမည်ရင်း – Stephen William Hawking

– 8 th January 1942 – 14 th March 2018 ( 76 နှစ်)

– သိပ္ပံပညာရှင်/ နက္ခတ်ဗေဒ ပညာရှင်/ စာရေးဆရာ/ Cambridge တက္ကသိုလ် ရဲ့ စကြဝဠာ ဆိုင်ရာ လေ့လာရေး အဖွဲ့ရဲ့ ဒါရိုက်တာ

ရရှိခဲ့သော ဆုများ

Adams Prize (1966), Eddington Medal(1975), Maxwell Medal and Prize (1976), Heineman Prize (1976), Hughes Medal (1976), Albert Einstein Award(1978), RAS Gold Medal (1985), Dirac Medal (1987), Wolf Prize (1988), Prince of Asturias Award (1989), Andrew Gemant Award (1998), Naylor Prize and Lectureship (1999), Lilienfeld Prize (1999), Albert Medal (Royal Society of Arts) (1999), Copley Medal (2006), Presidential Medal of Freedom (2009), Fundamental Physics Prize (2012), BBVA Foundation Frontiers of Knowledge Award (2015)

– အသက် (၂၁) အရွယ်မှာ Amyotrophic lateral sclerosis (ALS) (အကြောအားနည်းခြင်း) ကို ခံစားခဲ့ရပြီး  လက်တွန်းလှည်းနဲ့သာ သွားလာလှုပ်ရှားခဲ့ရကာ နောက်ပိုင်းမှာ သူရဲ့ အသံကိုပါ ထပ်မံဆုံးရှုံးခဲ့ရပါတယ်။ စုစုပေါင်း စာအုပ် ၁၅ အုပ်ရေးသားခဲ့ပြီး နာမည်ကျော် စာအုပ်အချို့ကတော့…A Brief History of Time, The Universe in a Nutshell, A Briefer History of Time, The Grand Design တို့ ဖြစ်ကြပါတယ်။

Reference – BBC,Wiki,Internet

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top