Iron Man ဇာတ်ကောင်အဖြစ်မဟုတ်ဘဲ ဗီလိန်ဇာတ်ကောင်အဖြစ် ဒေါက်တာဒွန်းအဖြစ် သရုပ်ဆောင်မယ့် ရောဘတ် ဒေါင်းနီ ဂျူနီယာ

29.7.2024-yyl-1.jpg

MCU မှာဆိုရင် မင်းသားကြီး ရောဘတ် ဒေါင်းနီ ဂျူနီယာကို Iron Man အဖြစ် လူတိုင်းသိကြပါတယ်။ Avengers:Endgame မှာ Iron Man ဇာတ်ကောင်သေဆုံးခဲ့ရပြီးတဲ့နောက်မှာ အခု သူဟာ “Avengers” ဇာတ်ကားတွေဖြစ်တဲ့ “Doomsday” နဲ့ “Secret Wars” တွေမှာ အဓိကဗီလိန် ဒေါက်တာဒွန်းအဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့က San Diego Comic-Con အခမ်းအနားတစ်ခုမှာ ဒီသတင်းကို ကြေညာသွားခဲ့တာပါ။ ဒေါင်းနီက မျက်နှာဖုံးစွပ်ထားတဲ့ ဒေါက်တာဒွန်းအဖြစ် Marvel Studio ဥက္ကဋ္ဌ၊ ဒါရိုက်တာတွေဖြစ်တဲ့ The Russo Bros နဲ့အတူ စင်မြင့်ထက်တက်ရောက်လာခဲ့တာပါ။

The Russo Bros က Avengers: Infinity War (2018) နဲ့ Avengers: Endgame (2019) ရဲ့ဒါရိုက်တာတွေဖြစ်ပါတယ်။ “ကျွန်တော်တို့ စိတ်ကူးယဉ်ဇာတ်လမ်းအားလုံးထဲမှာ အရှုပ်ထွေးဆုံးဇာတ်ကောင်တွေထဲက တစ်ခုဖြစ်တဲ့ ဒေါက်တာဒွန်းကို ပိတ်ကားထက်ခေါ်ဆောင်လာမယ်ဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးမင်းသားကို ကျွန်တော်တို့လိုအပ်ပါတယ်”လို့ ပြောပြီးတဲ့နောက် ဒေါင်းနီက ထွက်လာပြီး မျက်နှာဖုံးကို ချွတ်ပြလိုက်တဲ့အခါ ပွဲလာပရိသတ်တွေရဲ့ပျော်ရွှင်စွာအော်ဟစ်သံတွေထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီကျမှ ဒေါင်းနီက ဒေါက်တာဒွန်းအဖြစ် ပါဝင်မယ်ဆိုတာကို ပရိသတ်တွေ အံ့အားသင့်စွာ သိရှိခဲ့ရပါတယ်။

ဒေါင်းနီက ၂၀၀၈ ခုနှစ်ရဲ့ Iron Man ဇာတ်ကားမှာ Tony Stark အဖြစ် စပါဝင်ခဲ့တာပါ။ Endgame မှာ Iron Man ဇာတ်ကောင် မသေဆုံးခင်ထိ MCU ဇာတ်ကား ၁၀ ကားတွေမှာ ပါဝင်ဖြစ်ခဲ့ပါတယ်။ MCU ဇာတ်ကားအသစ်ထွက်လာမယ်လို့ ပရိသတ်တွေသိတဲ့အချိန်မှာ Iron Man ဇာတ်ကောင် ပြန်လည်ပါဝင်လာမလားဆိုတာကို ပရိသတ်တွေ သိချင်နေခဲ့ကြတာပါ။ ဒေါင်းနီကို ပရိသတ်တွေက မျှော်လင့်ထားတဲ့ Iron Man အဖြစ်နဲ့မဟုတ်ဘဲ အဓိကဗီလိန်ဇာတ်ကောင်အဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Ref:Robert Downey Jr. will be returning to the Marvel Cinematic Universe (MCU), not as Tony Stark, but as Victor von Doom.

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top