ပရိသတ်တွေကို မင်္ဂလာဆောင်သတင်းနဲ့ အံ့အားသင့်အောင်လုပ်လိုက်တဲ့ EXOအဖွဲ့ဝင် Chen

yyl-001-8.jpg

ကိုရီးယားအဆိုအဖွဲ့ EXO အဖွဲ့ကလည်း မိန်းကလေးပရိသတ်တွေ အခိုင်အမာရရှိထားတဲ့အဖွဲ့တစ်ဖွဲ့ပါ။ မြန်မာပရိသတ်တွေ သည်းသည်းလှုပ်အားပေးနေတဲ့ အဖွဲ့ဆိုရင်လည်း မမှားပါဘူး။ အဲဒီအဖွဲ့က အဖွဲ့ဝင်တစ်ယောက်ကတော့ မင်္ဂလာဆောင်သတင်းကို မနေ့က ရုတ်တရက်ကြေညာပြီး မိန်းကလေးပရိသတ်တွေ အသည်းကွဲအောင်၊ အံ့အားသင့်အောင် လုပ်ခဲ့ပါတယ်။

EXO အဖွဲ့ဝင် Chenဟာ အနုပညာအသိုင်းအဝိုင်းကမဟုတ်တဲ့ သူ့ရဲ့ကောင်မလေးနဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့တယ်ဆိုတဲ့ သတင်းထွက်ရှိလာခဲ့တာပါ။ သူ့ရဲ့ကောင်မလေးက ကိုယ်ဝန် (၇) လလွယ်ရတယ်လို့လည်း သတင်းထွက်ရှိခဲ့ပါသေးတယ်။ အဲဒီသတင်းနဲ့ပတ်သက်ပြီး EXOအဖွဲ့ရဲ့အေဂျင်စီက Chen ဟာ လက်ထပ်တော့မှာဖြစ်တယ်လို့ ကြေညာခဲ့ပြီး တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ဟယ်လို.. SM Entertainmentကပါ။ Chenက သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သူတစ်ယောက်ကို တွေ့ရှိသွားပါပြီ။ လက်ထပ်တော့မှာပါ။ သတို့သမီးက အနုပညာရှင်တစ်ယောက် မဟုတ်ပါဘူး။ မင်္ဂလာပွဲကိုတော့ မိသားစုဝင်တွေနဲ့သာ သီးသန့်ကျင်းပသွားမှာပါ။

သူတို့မိသားစုရဲ့ သဘောထားကို လေးစားတဲ့အနေနဲ့ မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ အရာမှန်သမျှကို သီးသန့်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေနဲ့ သတင်းထောက်တွေကို နားလည်ပေးကြဖို့ တောင်းဆိုပါတယ်။ Chenက အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားမှာပါ။ Chen ကို ဆုတောင်းစကားတွေနဲ့ ဂုဏ်ပြုပေးကြပါလို့ တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ SM Entertainment က ကြေညာခဲ့ပါတယ်။

Chenရဲ့ သတို့သမီးလောင်း ကိုယ်ဝန်ရှိတယ် သတင်းကိုလည်း “Chenရဲ့သတို့သမီးက ကိုယ်ဝန်ရှိတယ်ဆိုတာ မှန်ပါတယ်။ အနုပညာအသိုင်းအဝန်းက မဟုတ်တဲ့အတွက် ကိုယ်ဝန်ဘယ်နှစ်လ ရှိတယ်ဆိုတာနဲ့ အခြားပတ်သက်တဲ့ အရာအသေးစိတ်ကို ထုတ်ပြောပြလို့မရပါဘူး” လို့ ထုတ်ပြောရင်း အတည်ပြုပေးခဲ့ပါတယ်။ Chen ကိုယ်တိုင်ကလည်း ဒီသတင်းကို လက်ရေးစာတစ်စောင်နဲ့ ကြေညာခဲ့ပါတယ်။ “ဟယ်လို… ကျွန်တော် Chenပါ။ ပရိသတ်တွေကို ပြောစရာရှိတဲ့အတွက် ဒီစာကို ကျွန်တော်ရေးလိုက်ရပါတယ်။ ကျွန်တော် ဒါကို ဘယ်လိုစပြောရမလဲ မသိပါဘူး။ အရမ်းစိတ်ပူပန်မိပါတယ်။ ဒီစကားလုံးတွေက မလုံလောက်ပေမယ့် ပရိသတ်တွေကို ရိုးရိုးသားသား ပြောပြချင်တာကြောင့် ဒီစာကို ရေးလိုက်ရတာပါ။

ကျွန်တော် နောက်ဆုံးထွက်သက်အထိ အတူကုန်ဆုံးချင်တဲ့ ချစ်သူကောင်မလေး ရှိပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်စိုးရိမ်မိပါတယ်။ ဒါပေမဲ့ သတင်းကို ရုတ်တရက် မကြေညာချင်တဲ့အတွက် သတင်းကို စောနိုင်သမျှစောအောင် ကြေညာချင်တာကြောင့် အေဂျင်စီ၊ အဖွဲ့သားတွေနဲ့ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အခုလိုကြေညာလိုက်ရတာပါ။

အေဂျင်စီ၊ အဖွဲ့သားတွေနဲ့ စီစဉ်ထားသလို ကျွန်တော်မလုပ်နိုင်တဲ့အတွက် ကျွန်တော်လည်း စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ဆုတောင်းစကားတွေက ကျွန်တော်ကို ခွန်အားတွေ ဖြစ်စေပါတယ်။ ဒါကို ဘယ်အချိန်မှာ ဘယ်လိုကြေညာသင့်လဲဆိုတာကို အချိန်ပိုယူပြီး မစဉ်းစားနိုင်တော့ပါဘူး။ ဒါကြောင့် ဒီသတင်းကြေညာဖို့ သတ္တိတွေမွေးခဲ့ရပါတယ်။ ဒီသတင်းကြားပြီး ကျွန်တော်ကို ဂုဏ်ပြုပေးတဲ့ အဖွဲ့သားတွေကို တကယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ချစ်ပေးကြတဲ့ ပရိသတ်တွေကိုလည်း နှစ်နှစ်ကာကာ ကျေးဇူးတင်ပါတယ်။ ဒါကို ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ဘာမှမပြောင်းလဲဘဲ ကျွန်တော်နေရာကနေ အကောင်းဆုံး လုပ်ဆောင်ပြီး ကျွန်တော်ကို ချစ်ပေးကြတဲ့ ပရိသတ်တွေဆီ ပြန်လာမှာပါ။ အမြဲတမ်း ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…။

Ref: EXO’s Chen Announces Marriage + Fiancée’s Pregnancy

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top