ကျန်းမာရေးအခြေအနေကြောင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးကနေ နှုတ်ထွက်

japanpm01.jpg

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ကျန်မာရေးအခြေအနေကြောင့် ရာထူးကနေ နှုတ်ထွက်မယ်လို့ ဂျပန်နိုင်ငံရဲ့ NHK အရ သိရပါတယ်။ ရှင်ဇိုအာဘေးက သူ့ကျန်းမာရေးအခြေအနေ ပိုဆိုးရွားလာခဲ့တဲ့အတွက် ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပြီး သူ့ကျန်းမာရေးက အခြားသူတွေကို ဒုက္ခဖြစ်မှာဆိုးနေတယ်လို့ ဂျပန်ဝန်ကြီးချုပ်နဲ့ ရင်းနှီးတဲ့ Source က ဆိုပါတယ်။ ရှင်ဇိုအာဘေးက ဂျပန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နောက်ဆုံးရအခြေအနေတွေကို ပြောပြဖို့အတွက် သောကြာနေ့မှာ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့မနက်ခင်းက ရှင်ဇိုအာဘေးဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်အနေနဲ့ တိုကျိုမြို့က Keio University Hospital ကို လာရောက်ခဲ့ပါသေးတယ်။ ဆေးရုံကို နှစ်ကြိမ်လာရောက်ခဲ့ပြီးတဲ့နောက်မှာ သူ့ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။ ရှင်ဇိုအာဘေးက အူမကြီးရောင်ရမ်းတဲ့ နာတာရှည်ရောဂါ (အစာအိမ်မှာ အနာဖြစ်ပွား) ulcerative colitis ကို ခံစားနေရတာဖြစ်ပါတယ်။ ဒီရောဂါက နှစ်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှင်ဇိုအာဘေးကို ရာထူးကနေ နှုတ်ထွက်ဖို့ တွန်းအားပေးနေတာလို့ ဆိုရမှာပါ။

သောကြာနေ့မနက်ခင်းမှာ အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှီဟီဒဲ ဆူဂါ (Yoshihide Suga) ကတော့ ရှင်ဇိုအာဘေးက ကျန်းမာရေးအခြေအနေ ကောင်းနေတယ်လို့ ခိုင်ခိုင်မာမာပြောခဲ့ပေမယ့် အတည်ဖြစ်သွားရင် ရာထူးကနေနှုတ်ထွက်တာလာတော့မှာဖြစ်ပါတယ်။ “ကျွန်တော် သူ့ကို နေ့တိုင်းတွေ့ရတယ်။ သူ့ကျန်းမာရေးအခြေအနေ ပြောင်းလဲမှုရှိတယ်လို့ ကျွန်တော်မခံစားဘူး”လို့ ဆူဂါက ပုံမှန်ကျင်းပနေကျသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

၂၀၀၆ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့ ရှင်ဇိုအာဘေးဟာ ၂၀၀၇ခုနှစ်မှာ ဒီရောဂါကြောင့်ပဲ ရာထူးကနေ နှုတ်ထွက်ခဲ့ရဖူးပါတယ်။ သူဟာ ၂၀၁၂ခုနှစ်မှာ ဂျပန်ဝန်ကြီးချုပ်အဖြစ် တစ်ကျော့ပြန်ရွေးကောက်ခံရတာပါ။ ရှင်ဇိုအာဘေးဟာ ဆက်တိုက်တာဝန်ထမ်းဆောင်ခွင့်ကာလအရ တွက်ချက်မယ်ဆိုရင် ဂျပန်နိုင်ငံရဲ့သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်လည်းဖြစ်ပါတယ်။ ရှင်ဇိုအာဘေးရဲ့လက်ရှိဝန်ကြီးချုပ်သက်တမ်းဟာ ၂၀၂၁ခုနှစ် စက်တင်ဘာလကျမှ အဆုံးသတ်မယ်လို့ သိရပါတယ်။

Ref: CNN “Japan’s Prime Minister Shinzo Abe to resign for health reasons: NHK”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top