လမ်းဘေးခွေးတွေအတွက် နေစရာစီစဉ်ပေးထားတဲ့ ဘရာဇီးကကားမှတ်တိုင်

64290489_421068508743678_183889295361179648_n.jpg

အခုအချိန်က ဘရားဇီးနိုင်ငံမှာ ဆောင်းဝင်ကာစအချိန်ပါ။ အဲဒီလိုအချိန်မျိုးမှာ လမ်းဘေးခွေးလေးတွေ အေးခဲပြီး မသေစေဖို့ ဘရာဇီးနိုင်ငံတောင်ပိုင်း၊ Curitiba မြို့အတွင်းမှာရှိတဲ့ Barreirinha ကားဂိတ်ဝန်ထမ်းတစ်ဦး ခွေးလေးတွေအတွက် နားခိုဖို့နေရာဖန်တီးပေးခဲ့ပါတယ်။

အဲဒီဝန်ထမ်းဟာ ဇွီုင်ဟို (Zoinho)၊ ပီတိုကို (Pitoco) နဲ့ မတ်ဇ် (Max) ဆိုတဲ့ခွေးလေးတွေအတွက် ရေနဲ့အစားအသောက် တွေစီစဉ်ပေးတဲ့အပြင် ဘရာဇီးဆောင်းရဲ့အေးလွန်းတဲ့ညခင်းတွေမှာ နွေးနွေးထွေးထွေး အိပ်စက်နိုင်အောင် တာယာဟောင်းတွေကို စောင်ထူအုပ်ပြီး အိပ်စရာနေရာအဖြစ် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

 

ကားဂိတ်မှာအိပ်စက်နေကြတဲ့ ချစ်စရာခွေးလေးသုံးကောင်ရဲ့ပုံကိုတော့ ဖဘားနီး ရိုစာ (Fabiane Rosa) ဆိုတဲ့အမျိုးသမီးက သတိထားမိသွားပြီး “ဒီလမ်းဘေးခွေးလေးတွေကလည်း အချစ်ခံရဖို့ထိုက်တန်ပါတယ်။ ညှင်းပန်းခံရပြီး ကြောက်ကြောက်လန့်လန့်နဲ့ နံရံနောက်မှာအမြဲပုန်းနေရမယ့် ဥပေက္ခာအပြုခံသတ္တဝါလေးတွေ မဟုတ်ပါဘူး” ဆိုတဲ့စာတိုနဲ့တကွ သူ(မ)ရဲ့ Facebook စာမျက်နှာပေါ်မှာ တင်ထားခဲ့ပါတယ်။

ဘရာဇီးနိုင်ငံသားရဲ့အပြုအမူကနေမှတစ်ဆင့် လူသားတွေအနေနဲ့ကျွန်တော်တို့ နှလုံးသားကိုဖွင့်ပြီး ခွေးလေးတွေရဲ့ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေအပြင် သူတို့ရဲ့မြင့်မြတ်တဲ့နှလုံးသားကိုပါ မြင်တတ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဆက်လက်ပြီး ကြင်နာမှုသေးသေးလေးတွေနဲ့ သဘောထားကြီးတတ်ခြင်းက ပိုပြီးကောင်းမွန်တဲ့ကမ္ဘာကြီးဆီ ကျွန်တော်တို့ကို ခေါ်ဆောင်သွားနိုင်မယ့်လမ်းစလည်း ဖြစ်ပါတယ်။

Ref : curiousmindmagazine.com “Bus Station Turns Into A Warm Home For Homeless Dogs”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top