လက်တစ်ဖက် ဘတ်စကတ်ဘောကစားသမား

19-12-2022-yyl-69.jpg

ဟန်ဆယ်အန်မန်နျူယယ်က ၆ နှစ်သားအရွယ်မှာ ကွန်ကရစ်ပုံကြီး ပြိုကျလို့ ဘယ်ဘက်လက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်။ မတတ်သာတဲ့အဆုံးမှာ ဆရာဝန်တွေကလည်း ဘယ်ဘက်လက်ကို ပုခုံးအောက်ဘက်ကနေ ဖြတ်ခဲ့ရတယ်။ ဒီလိုဖြစ်ခဲ့ပေမဲ့ ဟန်ဆယ်က ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘော ကစားသမားဖြစ်ချင်တဲ့ သူ့အိပ်မက်ကို မစွန့်လွှတ်ခဲ့ပါဘူး။

လက်တစ်ဖက်တည်းနဲ့ လိမ်ခေါက်ကျော်ဖြတ်နိုင်ဖို့၊ လက်တစ်ဖက်တည်းနဲ့ ဂိုးသွင်းနိုင်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားလေ့ကျင့်ခဲ့တယ်။ အခုတော့ သူက အသက် ၁၉ နှစ်အရွယ် ရှိနေပြီး Northwestern State တက္ကသိုလ်ရဲ့ Demons ဘတ်စကတ်ဘောအသင်းမှာ ကစားနေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က Louisiana-Monroe Warhawks အသင်းကို အနိုင်ရတဲ့ပွဲမှာ ဟန်ဆယ်က အသင်းအတွက် ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့ပြီး သူ့ပွဲကစားမှု ဗီဒီယိုကလည်း အွန်လိုင်းပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။

NBA ဂန္တဝင်တစ်ဦးဖြစ်တဲ့ ရှာကွေးအိုနေးလ်ကတောင် ဟန်ဆယ်ရဲ့ အရည်အသွေးကို ချီးကျူးခဲ့ပါတယ်။ ဟန်ဆယ်ကတော့ တစ်နေ့ကျရင် ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘော ကစားသမားဖြစ်လာပြီး NBA ပြိုင်ပွဲ ကစားခွင့်ရဖို့ ဆက်ကြိုးပမ်းနေပါတယ်။

Ref: Hansel Enmanuel – The One-Armed Point Guard Making Waves in College Basketball

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top