ရုရှားနိုင်ငံက ပြည်ပထုတ်ကုန်ပစ္စည်းအမျိုးအစား ၂၀၀ ကျော်ကို နှစ်ကုန်အထိ မှာယူတင်သွင်းခွင့် ပိတ်ပင်

11-2-2022-yyl01.jpg

အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံက ပြည်ပထုတ်ကုန်ပစ္စည်းအမျိုးအစား ၂၀၀ ကျော်ကို ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ တင်သွင်းခွင့် ပိတ်ပင်လိုက်ပါတယ်။ အရင်တုန်းက ပြည်ပကနေ မှာယူတင်သွင်းနေတဲ့ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်၊ နည်းပညာပစ္စည်းတွေကို တင်သွင်းခွင့် ပိတ်လိုက်တာပါ။

ရုရှားဟာ သူတို့အပေါ် မိတ်ဆွေမပီသစွာ ဆက်ဆံတဲ့ နိုင်ငံတွေကိုလည်း သစ်တင်ပို့မှု ပိတ်ပင်မှာဖြစ်ပါတယ်။ အဲဒီလို ပိတ်ပင်မှုတွေဟာ ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၈ နိုင်ငံကို သက်ရောက်မှု ရှိစေမှာပါ။ ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှူစတင် လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်ကြော်ငြာစာမှာ ” ရုရှားဈေးကွက် တည်ငြိမ်စေဖို့အတွက် ပြည်ပ ထုတ်ကုန်ပစ္စည်းတွေ တင်ပို့မှု ပိတ်ပင်ဖို့ မဖြစ်မနေ လိုအပ်တယ်” လို့ ရေးသားထားပါတယ်။

တင်ပို့ခွင့် ပိတ်ပင်ခံရတဲ့ ပစ္စည်းတွေထဲမှာ ကား၊ ရထားတွဲတွေ၊ ၊ ကွန်တိန်နာတွေ၊ တာဘိုင်အင်ဂျင်တွေလည်း ပါဝင်ပါတယ်။ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ် ဆင်နွှဲနေလို့ အနောက်နိုင်ငံတွေက ရုရှားနိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်နဲ့ ရေနံ၊ ဓာတ်ငွှေ့တင်ပို့မှုကို ပြင်းပြင်းထန်ထန် အရေးယူပိတ်ဆို့ခဲ့ပြီးနောက် ရုရှားနိုင်ငံက အခုလို ပိတ်ပင်ခဲ့တာပါ။

အခုနောက်ဆုံး ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ဗြိတိန်နိုင်ငံရဲ့ ကုန်သွယ်မှုအများဆုံး နိုင်ငံတွေစာရင်းမှာ ရုရှားက အဆင့် (၁၉) ရပ်တည်နေပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုက ပေါင် ၁၅.၉ ဘီလျံအထိ ရှိပါတယ်။

Ref: BBC “Russia hits back at Western sanctions with export bans”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top