ပူအိုက်လှတဲ့ရာသီမှာ အသားရေ ကြည်လင်စိုပြေချင်သူတွေအတွက်

12-3-2020-yyl-004.jpg

ပူပြင်းလှတဲ့ နွေရာသီမှာလည်း အသားရေထိန်းသိမ်းမှုတွေ လုပ်ကြရပါတယ်။ ဒီလိုအချိန်အမျိုးမှာ အရေပြားကျန်းမာရေးအတွက် အထူးဂရုစိုက်ပေးသင့်ပါတယ်။ လေထုညစ်ညမ်းမှုကစလို့ နေရောင်ခြည်အပူချိန်အထိ ကျွန်မတို့ရဲ့အသားရေတွေက ကြည်လင်စိုပြေမှုမရှိဘဲ မွဲခြောက်ခြောက် ဖြစ်နေတတ်ပါတယ်။ ဆောင်းရာသီမှာ အသားရေထိန်းသိမ်းသလိုပဲ နွေရာသီမှာလည်း လုပ်ပေးသင့်ပါတယ်။ နွေရာသီမှာ ရေဓာတ်ပြည့်ဝအောင် နေဖို့နဲ့ နေလောင်ဒဏ်ကာကွယ်ပေးတဲ့ ခရင်မ်ကို အမြဲတမ်းဆောင်ထားဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။ သင့်အသားရေကို ရေဓာတ်ဖြည့်ပေးဖို့ နည်းလမ်းက ရေများများသောက်ဖို့နဲ့ သစ်သီးများများစားပေးဖို့ပါပဲ။ အဲဒါတွေအပြင် နွေရာသီမှာ အသားရေ ကြည်လင်စိုပြေနေစေဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်း (၃) ခုကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ရပါတယ်။

Moisturiser ကိုအသုံးပြုပေးပါ

ရေဓာတ်ပြည့်ဝတဲ့၊ နူးညံ့စိုပြေတဲ့ ပါဝင်ပစ္စည်းတွေပါဝင်တဲ့ Moisturiser ကို သုံးပေးသင့်ပါတယ်။ အဲဒါက သင့်အသားရေကို ရေဓာတ်ပြည့်ဝနေအောင် ထိန်းပေးမှာဖြစ်ပြီး သင့်မျက်နှာက အဆီတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ ဒါမှ သင့် အသားရေအဆီပြန်ခြင်းကင်းဝေးပြီး ကြည်လင်စိုပြေနေမှာဖြစ်ပါတယ်။

အသားရေကို ရေဓာတ်ထိန်းပေးပါ

နွေရာသီက အရမ်းပူပြင်းတာကြောင့် အသားရေနေလောင်တာ၊ ယားယံတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့လုံး အသားရေကို ရေဓာတ်ထိန်းထားဖို့အတွက် ရေဓာတ်ပါဝင်မှုများတဲ့အစားအစာတွေကို ရွေးချယ်ဖို့ အကြုံပြုပေးချင်ပါတယ်။ ဖရဲသီး၊ လိမ္မော်သီး၊ သခွားသီး၊ မုန်လာဥနီတွေလို အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးသင့်ပါတယ်။ အသားရေကို မွဲခြောက်ခြောက်မဖြစ်အောင် ရေဓာတ်ပြည့်ဝနေဖို့ဆိုရင် ရေလုံလုံလောက်လောက် သောက်ပေးသင့်ပါတယ်။

Sunscreen ကို ကိုယ်နဲ့မကွာ ဆောင်ထားပါ

နွေရာသီမှာ Sunscreen ကောင်းကောင်းရှိဖို့ အရေးကြီးပါတယ်။ Sunscreen က ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ အသားရေကို ကာကွယ်ပေးပြီး အသားရေ နေလောင်သွားခြင်း မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ သင့်အသားရေကို နေလောင်ဒဏ်ကို ကာကွယ်ချင်ရင်၊ အသားရေ နူးညံ့စိုပြေချင်ရင် Sunscreen ကို နှစ်ထပ်လောက်လိမ်းပေးသင့်ပါတယ်။

Ref:3 simple ways to get glowing skin in summers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top