စာခိုးမချနိုင်အောင် နည်းလမ်းအဆန်းနဲ့တားဆီးခဲ့မိလို့ ခေါင်းမီးတောက်ခဲ့ရတဲ့ ကျောင်းဆရာ

yyl59035.jpg

ကျောင်းသူ/သားတွေ စာခိုးမချနိုင်အောင် ထူးထူးခြားခြားနည်းလမ်းတစ်ခုကိုသုံးပြီး တားဆီးခဲ့တဲ့ မက္ကဆီကန်ကျာင်းဆရာတစ်ဦးကတော့ သူ့သုံးခဲ့တဲ့နည်းကြောင့်ပဲ အလုပ်ပြုတ်မယ့်ကိန်းဆိုက်သွားခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံ၊Tlaxcala ပြည်နယ် Bachilleres 01 El Sabinal ကျောင်းက ကျောင်းဆရာ လူးဝစ် ဟွာရက်ဇ် တက်ဇစ် (Luis Juarez Texis ) က ဘာသာရပ်စာမေးပွဲတစ်ခုဖြေဆိုမယ့် ကျောင်းသူ/သားတွေကို စာခိုးချတာမျိုးမလုပ်နိုင်စေဖို့ နည်းလမ်းအသစ်တစ်ခုကို တွေးမိခဲ့ပါတယ်။ အဲဒါကြောင့် သူတွေးမိတဲ့နည်းလမ်းအတိုင်းပဲ ကျောင်းသူ/သားအားလုံးရဲ့ခေါင်းမှာ ကတ်ထူစက္ကူပုံးတွေစွပ်ပေးပြီး ဖြေဆိုစေခဲ့တာပါ။

ကျောင်းသားမိဘတွေက ကျောင်းဆရာ လူးဝစ်ရဲ့လုပ်ရပ်ဟာ ကျောင်းသားတွေကို အရှက်ခွဲတဲ့လုပ်ရပ်ပဲ လို့ ပြစ်တင်ဝေဖန်ခဲ့ပြီး ဒေါသူပုန်လည်းထခဲ့ကြပါတယ်။ ကျောင်းတာဝန်ရှိသူတွေကိုလည်း ကျောင်းသားတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့နဲ့ ကျောင်းဆရာ လူးဝစ်ကို တာဝန်ကနေရပ်စဲပြီး ထုတ်ပယ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။

ကျောင်းတာဝန်ရှိသူတွေဘက်ကတော့ ဒါဟာ ကျောင်းသားတွေကို စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်အောင်လေ့ကျင့်ပေးမှုတစ်ခုသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုကို ကျောင်းသားတွေကိုယ်တိုင် ကြိုပြီး သိရှိသဘောတူပြီးဖြစ်တယ်လို့ဆိုခဲ့ပြီး ကျောင်းအနေနဲ့လည်း လူအခွင့်အရေးကို လေးစားတန်ဖိုးထားကြောင်း ပြောဆိုတုံ့ပြန်ခဲ့ပါတယ်။ ဒီအဖြစ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေလုပ်၊ မလုပ်ကိုတော့ ထပ်ပြီးမသိရှိရသေးပါဘူး။

Ref: Daily Mail “Mexican teacher stops students cheating during exams by putting cardboard boxes on their heads”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply