ဆရာမရဲ့ ပြင်းပြင်းထန်ထန်ရိုက်နှက်အပြစ်ပေးမှုကိုခံခဲ့ရတဲ့ ကျောင်းသားလေး

t1.jpg

အသက်ရှစ်နှစ်အရွယ် ဒီကျောင်းသားလေးဟာ တရုတ်နိုင်ငံ၊ ရှီဂျီယာဇောင်းမြို့ (Shijiazhuang) ရဲ့ မူလတန်းကျောင်းက ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ကျောင်းသားလေးဟာ သင်္ချာအလီဇယားကို ဆိုပြရာမှာမေ့နေတာကြောင့် သချာင်္ဆရာမက ကြိမ်လုံးနဲ့ ထပ်ခါတလဲလဲ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့တင်ပါးမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒဏ်ရာတွေက နာကျင်လွန်းလှတာကြောင့် ကျောင်းသားလေးဟာ အိမ်ကိုတောင် လမ်းလျှောက်မပြန်နိုင်ခဲ့လို့ သူ့အဘွားက လာခေါ်ခဲ့ရပါတယ်။ အဘွားဖြစ်သူက သူ့မြေးလေးဟာ ပုံပျက်ပန်းပျက်လမ်းလျှောက်နေတာကြောင့် အိမ်ရောက်တဲ့အခါ အမေဖြစ်သူက ဘောင်းဘီချွတ်ပြီး ကြည့်လိုက်တော့ တင်ပါးဒဏ်ရာက ညိုမည်းပြီး ရောင်ကိုင်းနေတာကို တွေ့လိုက်ရပါတယ်။

ကျောင်းသားလေးက သူ့အမေကို ‘သင်္ချာဆရာမက သား သင်္ချာအလီတွေမရလို့ တင်ပါးကို ကြိမ်လုံးနဲ့ ရိုက်လိုက်တာ’ လို့ ပြောပြခဲ့ပါတယ်။ အမေဖြစ်သူဟာ သင်္ချာဆရာမနဲ့ တွေ့ပြီး ကျောင်းအုပ်ကြီးနဲ့လည်းတိုင်ဖို့ ကလေးကိုခေါ်ပြီး ကျောင်းကို ပြန်သွားခဲ့ပါတယ်။ ကျောင်းအနေနဲ့ကတော့ ကျောင်းသားကို အပြစ်ပေးမှုဟာ အရမ်းပြင်းထန်တာကို ဝန်ခံခဲ့ပါတယ်။ ကျောင်းအုပ်ကြီးက ကျောင်းသားရဲ့မိခင်ကို ‘ကလေးကို ဆေးရုံကိုသာ ခေါ်သွားလိုက်ပါ၊ ကျွန်တော်တို့ဘက်က ကုန်ကျစရိတ်အားလုံး အကုန်ခံပါ့မယ်’ လို့ ပြောခဲ့ပါတယ်။ စိတ်ပူပန်နေတဲ့မိခင်က ရဲတွေနဲ့ ပညာရေးဌာနကို တိုင်ကြားခဲ့ပါတယ်။

အခုအချိန်မှာ ကျောင်းအုပ်ကြီးကတော့ ရာထူးဆိုင်းငံ့ခဲ့ထားရပြီး ရိုက်နှက်ခဲ့တဲ့သင်္ချာဆရာမကတော့ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

Ref: www.thesun.co.uk ” Student, 8, left with horror bruising after cruel maths teacher uses wooden stick to batter him for forgetting his times tables “
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top