Samsung မှ မြန်မာနိုင်ငံဈေးကွက်အတွက် ပထမဦးဆုံးသော M Series စမတ်ဖုန်းအဖြစ် Galaxy M 11 အား စတင်မိတ်ဆက်

Image-1.jpg

Samsung Myanmar သည် ၎င်း၏နောက်ဆုံးပေါ် တန်ဖိုးသင့် စမတ်ဖုန်း အမျိုးအစားသစ် Galaxy M11 အား မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်လိုက်သည်။ မြန်မာနိုင်ငံဈေးကွက်တွင် ပထမဦးဆုံး မိတ်ဆက်သည့် M Series စမတ်ဖုန်းဖြစ်သော Galaxy M11 တွင် နောက်ဆုံးပေါ် စွဲမက်ဖွယ်ဒီဇိုင်း၊ အဆင့်မြင့် ကျောဖက်ကင်မရာ ၃ လုံး၊ ကြာရှည်ခံ 5000 mAh ဘက်ထရီနှင့် အရည်အသွေးမြင့် ၆.၄” Infinity-O မျက်နှာပြင်များ ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝ အခိုက်အတန့်တိုင်းတွင် အရည်အသွေးမြင့် မိုဘိုင်းဖုန်း အသုံးပြုမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

Galaxy M11 စမတ်ဖုန်းအသစ်တွင် ၆.၄” Infinity-O မျက်နှာပြင် ပါရှိပြီး သေးငယ်သော pin-hole ကင်မရာအား လက်ဝဲဘက် မျက်နှာပြင်ထိပ်တွင် ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများအနေနှင့် ကြီးမားကျယ်ပြန့်သော မျက်နှာပြင်တွင် အဆင့်မြင့် ရုပ်ထွက်အရည်အသွေးရှိ ပုံရိပ်များကို အနှောင့်အယှက် အနည်းဆုံးနှင့် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ ထို့အပြင် ဖုန်း၏ ကိုယ်ထည်ကိုလည်း အသေးစိတ် သေသပ်ကျနစွာ တည်ဆောက်ထားသည့် အတွက် သုံးစွဲသူများ အနေနှင့် ကိုင်တွယ်အသုံးပြုရာတွင် သက်ဆောင့်သက်သာရှိမှု အပြည့်အဝ ရရှိစေမည် ဖြစ်သည်။ အလားတူပင် ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရှုရာတွင် ဖြစ်စေ၊ ဂိမ်းကစားရာတွင် ဖြစ်စေ အကောင်းမွန်ဆုံးသော အသုံးပြုမှု အတွေ့အကြုံများအား ရရှိခံစားနိုင်ရန် အတွက် Galaxy M11 စမတ်ဖုန်းတွင် 3GB RAM / 32GB ROM၊ ကျောဖက် လက်ဗွေရာစနစ်သာမက မျက်နှာပြင်ဖတ်ရှုလုံခြုံရေးစနစ်တို့အပြင် အရည်အသွေးမြင့် Dolby Atmos အသံစနစ်များကိုလည်း ထည့်သွင်း တည်ဆောက် ထားသည်။

Galaxy M11 တွင် အဆင့်မြင့် ကျောဖက်ကင်မရာ ၃လုံး (13 MP wide camera + 5 MP ultra-wide camera + 2 MP depth camera) နှင့် 8 MP Selfie camera များ ပါဝင်လာသည့်အတွက် သုံးစွဲသူများ အနေနှင့် အကောင်းမွန်ဆုံး ကင်မရာရိုက်ကူးမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည်ဖြစ်ကာ ၎င်းတို့၏ နေ့စဉ်ဘဝများတွင် အရေးအပါဆုံးသော အခိုက်အတန့်များအား ကြည်လင်ပြတ်သားသော အရည်အသွေးမြင့် ပုံရိပ်များ၊ ဗီဒီယိုများ အဖြစ် ရိုက်ကူးသိမ်းဆည်းထားနိုင်မည် ဖြစ်သည်။

တန်ဖိုးသင့် စမတ်ဖုန်းတစ်လုံးအဖြစ် ထွက်ရှိလာသော်လည်း Galaxy M11 စမတ်ဖုန်းတွင် ကြာရှည်ခံ 5000 mAh ဘက်ထရီနှင့် 15W fast charging စနစ်များ ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများ အနေနှင့် တစ်စုံတစ်ရာ စိတ်ပူစရာမရှိပဲ ၎င်းတို့၏ တစ်နေ့တာ လုပ်ငန်းဆောင်တာများအား အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။

Galaxy M11 စမတ်ဖုန်းသစ်အား မြန်မာနိုင်ငံ ဈေးကွက်တွင် နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၀ ခုနှစ် မှစတင်၍ မြန်မာငွေကျပ် ၂၀၉,၀၀၀ ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး အနက်ရောင်နှင့် အပြာရောင် အရောင် ၂ မျိုးအနက် ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူသွားနိုင်မည် ဖြစ်သည်။

လက်ရှိ COVID-19 ရောဂါ ဖြစ်ပွားမှု အခြေအနေကြောင့် Samsung Myanmar သည် M11 စမတ်ဖုန်းနှင့် အခြား Samsung ထုတ်ကုန်များအား ဝယ်ယူအားပေးလိုသူများအတွက် ပိုမိုလွယ်ကူသက်သာပြီး စိတ်ချရသော E-commerce ပလက်ဖောင်းမှတဆင့် အလွယ်တကူ မှာယူနိုင်ရန် စီစဉ်ပေးထားသည်။ သို့ဖြစ်၍ M11 စမတ်ဖုန်း အား မှာယူလိုသူများအနေဖြင့် ဖုန်းအရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူစရာ မလိုပဲ အွန်လိုင်းမှတစ်ဆင့် အောက်ဖော်ပြပါ အဆင့်များအတိုင်း အလွယ်တကူ မှာယူရရှိနိုင်ပြီ ဖြစ်သည်။

  1. Samsung Myanmar ၏ တရားဝင် ဝက်ဘ်ဆိုက် www.samsung.com/mm သို့ ဝင်ရောက်ပါ။
  2. ဝက်ဘ်ဆိုက် ၏ ညာဖက်အပေါ်ရှိ Menu Bar မှ တဆင့် “Mobile” အား နှိပ်၍ ဝင်ရောက်ပါ။
  3. M11 စမတ်ဖုန်းများအနက် မိမိ နှစ်သက်သော အရောင်အား ရွေးချယ်ပါ။
  4. ထို့နောက် မိမိ မှာယူလိုသည့် တရားဝင် E-commerce မိတ်ဖက်များအား ရွေးချယ်မှာယူပါ။ (မြန်မာနိုင်ငံ အထက်ပိုင်းမှ သုံးစွဲသူများအနေဖြင့် M9 အားရွေးချယ်နိုင်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းမှ သုံးစွဲသူများအနေဖြင့် UC အားရွေးချယ်နိုင်)

အထက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပြီးပါက သက်ဆိုင်ရာ E-commerce မိတ်ဖက်များမှတဆင့် သုံးစွဲသူများ မှာယူထားသည့် M11 စမတ်ဖုန်းများအား အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမည် ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top