၂၀၂၆ ခုနှစ်မှာ ထွက်ရှိမယ့် အိန္ဒိယဇာတ်ကား Sanam Teri Kasam 2

11.2.2025-yyl-3.jpg

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး လူအများကြိုက်နှစ်သက်ခဲ့ရတဲ့ အိန္ဒိယအချစ်ဇာတ်ကား Sanam Teri Kasam ဟာဆိုရင် ၉ နှစ်အကြာ ဖေဖော်ဝါရီ ၇ ရက်နေ့က ပြန်ပြီး ရုံတင်ပြသခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက Box Office မှာ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကြိမ် ပြန်လည်ရုံတင်ပြသချိန်မှာတော့ မမျှော်လင့်ထားလောက်အောင် အောင်မြင်နေပါတယ်။

အခုဆို အဲ့ဒီဇာတ်ကားရဲ့အတွဲ ၂ လည်း ထွက်ရှိလာဖို့ သေချာသွားပါပြီ။ ဇာတ်ကားရဲ့ဒါရိုက်တာတွေဖြစ်တဲ့ Radhika Rao နဲ့ Vinay Sapru တို့ဟာ Sanam Teri Kasam အတွဲ ၂ နဲ့ ပတ်သက်ပြီး ပြောပြထားပါတယ်။

Sanam Teri Kasam ကို ရေးသားစဉ်ကတည်းက အတွဲ ၂ ပါ ထွက်ရှိဖို့ စိတ်ကူးထားပြီးသားဖြစ်တယ်။ အတွဲ ၂ အတွက် ဇာတ်ညွှန်းက အဆင့်သင့်ဖြစ်နေပြီး ၂၀၂၆ ခုနှစ် ချစ်သူများနေ့မှာ ထွက်ရှိဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အားလုံးအဆင့်သင့်ဖြစ်တဲ့အချိန်ကျ တရားဝင် ကြေညာပေးသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Sanam Teri Kasam အတွဲ ၂ အတွက် ခေါင်းဆောင်မင်းသားကိုတော့ တရားဝင်ကြေညာထားပါပြီ။ မင်းသား Harshvardhan Rane ပဲ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည်ပါဝင်မှာဖြစ်ပါတယ်။ မင်းသား Rane နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Mawra Hocane ပြန်ပါဝင်လာမလားဆိုတာကတော့ မသိရသေးပါဘူး။

Sanam Teri Kasam အတွဲ ၂ ထွက်ရှိဖို့ သေချာသွားပြီမို့ Sanam Teri Kasam ကို နှစ်ခြိုက်အားပေးခဲ့ကြတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ဆန္ဒကတော့ ပြည့်သွားခဲ့ပါပြီ။

Ref: Sanam Teri Kasam 2: Makers share MAJOR update on Harshvardhan Rane starrer’s sequel release date; ‘Part two is almost…’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top