နံနက် ၃ နာရီအချိန် လမ်းပေါ်တစ်ယောက်တည်း လျှောက်သွားနေတဲ့ ၃ နှစ်သမီးကို ပီဇာပို့သူက ဘေးကင်းလုံခြုံအောင် ကူညီပေး

17.3.2023-yyl-iamge-20.jpg

နံနက် ၃ နာရီလောက် တစ်ယောက်တည်း လျှောက်သွားနေတဲ့ ၃ နှစ်အရွယ် မိန်းကလေးငယ်ကို ပီဇာပို့သူတစ်ယောက်က ဘေးကင်းလုံခြုံအောင် ကူညီပေးခဲ့ပါတယ်။ Villa Pizza ကုမ္ပဏီရဲ့ ပီဇာပို့သူ ဘိုတယ်လိုဟာ ပီဇာပို့ဖို့ သွားနေရင်း လမ်းပေါ်မှာ လျှောက်သွားနေတဲ့ မိန်းကလေးငယ်ကို တွေ့ခဲ့တာပါ။
” ကျွန်တော့်ဆီမှာ ပို့ရမယ့်စားစရာတွေ ပါတယ်။ အဲဒါနဲ့ စားစရာတွေ အမြန်သွားပို့ပြီး ပြန်လာကြည့်တော့ ကလေးကို မတွေ့တော့ဘူး။ ကျွန်တော် ကားမောင်းပြီး သူ့ကို လိုက်ရှာခဲ့တာပါ” လို့ ဘိုတယ်လိုက ပြောပါတယ်။ အဲဒီနောက်မှာတော့ စက်ရုံတစ်ရုံရှေ့က အုတ်ခုံကြားကနေ ကလေးငယ်ကို ပြန်တွေ့ခဲ့တာပါ။

ကလေးငယ်ဟာ တီရှပ်၊ သေးခံနဲ့ ခြေအိတ်လေးပဲ ဝတ်ထားပြီး ရာသီဥတု အရမ်းအေးနေလို့ ဘိုတယ်လိုက သူ့အနွေးထည်ကို ဝတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ၉၁၁ ကို ဖုန်းဆက်ပြီး ကလေးတစ်ယောက် တွေ့ထားတဲ့အကြောင်း လှမ်းပြောခဲ့တာပါ။

ရဲတပ်ဖွဲ့က မိန်းကလေးငယ်ရဲ့အမေကို ရှာဖွေပေးနိုင်ခဲ့ပြီး ကလေးကို ပြန်လည်အပ်နှံခဲ့ပါတယ်။ သူ့အမေက ကလေးပျောက်သွားတာကို သတိမထားမိခဲ့ပါဘူး။ အိပ်ပျော်နေတယ်ပဲ ထင်ခဲ့တာပါ။ ကလေးငယ်က လမ်းပေါ်မှာ ဘယ်လောက်ကြာကြာ လျှောက်သွားနေတာလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

Ref: Pizza Delivery Driver Rescues Toddler Wandering City Alone At 3 A.M.

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top