လုံးဝ မအိပ်သော တရိစ္ဆာန်များ

yyl-012-3.jpg

အိပ်စက်ခြင်းသည် သက်ရှိသတ္တဝါ အများစုကို များစွာသော ကောင်းကျိုး လုပ်ဆောင်ချက်များ ပေးသည့် အလွန်အရေးပါသော ဖြစ်စဉ် ဖြစ်သည်။ လူမဟုတ်သည့် အခြား သက်ရှိသတ္တဝါများတွင် အိပ်စက်ခြင်းကို ထိုသတ္တဝါသည် ပြင်ပမှ လုပ်ဆော်သော ဖြစ်စဉ်များအပေါ် တုံ့ပြန်မှု နည်းသောအခြေအနေ ဟု ခေါ်ဝေါ်သည်။ ထိုအိပ်စက်ခြင်း ဖြစ်စဉ်အား နို့တိုက်သတ္တဝါများ၊ အချို့ငါးအမျိုးအစားများ၊ ပိုးကောင်များ၊ ကျေးငှက်များ၊ ကုန်းနေ ရေနေသတ္တဝါများ၊ တွားသွားသတ္တဝါများ အစရှိသည့် သတ္တဝါများဖြင့်စမ်းသပ်ခဲ့ရာ သူတို့၏ ခန္ဓာကိုယ်လည်ပတ်ပုံ အချိန်ဇယားအရ ထိုသတ္တဝါများသည် ပုံမှန် အိပ်ချိန် တစ်ခုရှိကြသည်။ သူတို့သည်လဲ နေထွက်ချိန် နေဝင်ချိန် အရ အိပ်ချိန်များကို သိကြသည်။

သို့သော် အောက်တွင်ဖော်ပြထားသော အချို့တိရစ္ဆာန်များမှာ အိပ်စက်ခြင်း မရှိ (သို့မဟုတ်) အလွန်နည်းပါးသော အချိန်မျှသာ အိပ်စက်ကြသည်ဟု သိပ္ပံပညာရှင်များက သတ်မှတ်ကြသည်။

သစ်ကုလားအုပ်

သစ်ကုလားအုပ်များသည် အချိန်တိုလေးသာ အိပ်တတ်ကြသည်။ ညအချိန်များတွင် ပျမ်းမျှအားဖြင့် လေးနာရီမှ ငါးနာရီကြားသာ အိပ်တတ်ကြသည်။ သစ်ကုလားအုပ်အို များသည် မတ်တပ်ရပ် အနေအထားဖြင့် အိပ်တတ်ကြသည်။

လင်းပိုင်

လင်းပိုင်များ အိပ်စက်ရာတွင် ဦးနှောက်တစ်ခြမ်းသာ အိပ်စက်သည်ဟု ဆိုသည်။ ကျန်ဦးနှောက် တစ်ခြမ်းကိုမူ ဆက်လက် ရေကူးနေနိုင်ရန် နှင့် အခြားရေနေ သားရဲတိရစ္ဆာန်များ ရန်ကရှောင်ရန် အသုံးပြုသည်။ အချို့ လင်းပိုင်များသည် မွေးမွေးပြီးခြင်း ပထမဆုံးတစ်လတွင် မအိပ်ဟု ဆိုသည်။ သူတို့၏ မိခင်၏ ခန္ဓာကိုယ်အား မှီ၍သာ အနားယူကြခြင်းဖြင့် ရေနစ်မသွားအောင်ထိန်းသည် ဟုဆိုသည်။

ဖားပြုတ်

ဖားပြုတ်များသည် အိပ်စက်ခြင်း နှင့် အံဝင်ခွင်ကျ ဖြစ်သည့် ဖြစ်စဉ်အား ဆောင်ရွက်ခြင်းမရှိဟု ၁၉၆၇ ခုနှစ်တွင် သိပ္ပံပညာရှင်များ က ထုတ်ပြန်ခဲ့သည်။ ထိုစမ်းသပ်မှုတွင် သိပ္ပံပညာရှင်များသည် နေအချိန်ရော ညအချိန်ရော အိပ်စက်နေသည်ဟု ထင်ရသည့် အချိန်များတွင် ပြင်ပ လှုံ့ဆော်မှုများ ပေး၍ စမ်းသပ်ကြည့်ရာ ဖားပြုတ်၏ တုံ့ပြန်မှုသည် နှေးကွေးခြင်း မရှိတုံ့ပြန်သည်ကို လေ့လာတွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ဖားပြုတ်များသည် အိပ်စက်ခြင်း မရှိဟု သတ်မှတ်သည်။

ပျံလွှားငှက်

ဥရောပတောင်ဘက်ပိုင်း ဒေသများတွင် ကျက်စားသည့် တောင်ပေါ်နေ ပျံလွှားငှက်များသည် သူတို့၏ အချိန်အများအပြားကို အာဖရိက တောင်ပိုင်းသို့ ပြောင်းရွေ့ရန် ပျံသန်းခြင်းဖြင့် ကုန်ဆုံးစေသည်။ သူတို့သည် စုစုပေါင်း ရက် ၂၀၀ လောက်ကို ပျံသန်းခြင်းဖြင့် ကုန်ဆုံးကြသည်။ တခြားရေနေ သတ္တဝါများကဲ့သို့ပင် တောင်ပေါ်နေ ပျံလွှားငှက်များသည် ဦးနှောက်တစ်ခြမ်းဖြင့်သာ အိပ်စက်ကြသည်။ ကျန်တစ်ဖက်ကိုမူ ပျံသန်းခြင်း နှင့် အခြားတိရစ္ဆာန်များ ရန်မှ ကာကွယ်ရန် အသုံးပြုကြသည်။

ဝေလငါး

ဝေလငါး များသည် သူတို့၏ ကြီးမားလှသော အလေးချိန်ကြောင့် အိပ်စက်ရန် ခက်ခဲလှပေသည်။ သူတို့အိပ်ပျော်သွားလျှင် လျှင်မြန်စွာ ရေနစ်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။ Sperm whales များသည် ရေတွင် ကန့်လန့်ဖြတ်အနေအထားဖြင့် မြင့်ချည် နိမ့်ချည် လှုပ်ရှားနေကာ ငါးမိနစ် မှ ဆယ်မိနစ် အထိသာ အိပ်စက်ကြသည် ဟုဆိုသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top