Marvel ရဲ့ Black Widow အဖြစ် ဆယ်စုနှစ်တစ်စုနီးပါး ပါဝင်ခဲ့တဲ့ မင်းသမီးစကာလတ် ဂျိုဟန်ဆန်ဟာ DC ရဲ့ Batman 2 မှာ ပါဝင်ဖို့ ပြောဆိုဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားရဲ့ အခန်းကဏ္ဍမှာပါဝင်ရမယ်ဆိုတာ မသိရသေးပေမဲ့ နောက်ဆုံးညှိနှိုင်းဆွေးနွေးမှုလုပ်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုထားပါတယ်။
စကာလတ်ဟာ Exorcist ဇာတ်ကားအသစ်မှာ ပါဝင်ဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီဆိုတဲ့ သတင်းထွက်ရှိလာခဲ့ပြီးတဲ့နောက် ဒီဇာတ်ကားမှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့တာပါ။ သူနဲ့ သူ့အဖွဲ့သားတွေက ဒီဇာတ်ကားနှစ်ကားစလုံးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ လုပ်ဆောင်နေပေမဲ့ သူ့ရဲ့အချိန်ဇယားကို အခု ညှိနှိုင်းပြီးဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
Ref: Scarlett Johansson reportedly in talks for The Batman Part II
WL (ရိုးရာလေး)

