အခုနှစ်ထဲ ထိုင်းနိုင်ငံမှာရော ပြည်ပမှာပါ မင်္ဂလာပွဲပြုလုပ်မယ့် နာမည်ကြီးထိုင်းစုံတွဲ Mark Prin နဲ့ Kimmy Kimberley

10.2.2023-yyl-image-5.jpg

အခုနှစ်ကတော့ နာမည်ကြီးအနုပညာရှင်တွေ လက်ထပ်ကြတဲ့နှစ်လို့ပြောလို့ရပါတယ်။ မြန်မာပရိသတ်တွေချစ်ခင်အားကျရတဲ့ နာမည်ကြီးထိုင်းသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Mark Prin နဲ့ Kimmy Kimberley တို့ချစ်သူစုံတွဲကလည်း အခုနှစ်ထဲ သေချာပေါက် မင်္ဂလာပွဲကျင်းပတော့မှာဖြစ်ပါတယ်။

မကြာသေးခင်က မင်းသား Mark Prin ဟာ ပွဲတစ်ခုကို တက်ရောက်ရင်း သူ့ရဲ့မင်္ဂလာပွဲအကြောင်း သတင်းထောက်တွေကို ပြောပြခဲ့တာပါ။ သူ့ရဲ့အင်တာဗျူးဖြေကြားချက်အရ သူတို့စုံတွဲက အခုနှစ် စက်တင်ဘာနဲ့ နိုဝင်ဘာလတွေမှာ ထိုင်းနိုင်ငံနဲ့ ပြည်ပမှာ မင်္ဂလာပွဲကျင်းပမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတင်မဟုတ်ဘဲ ပြည်ပမှာပါ မင်္ဂလာပွဲကျင်းပရတဲ့ အကြောင်းအရင်းကိုလည်း Mark Prin က ပြောပြခဲ့ပါသေးတယ်။ သူ့သတို့သမီးလောင်း မင်းသမီး Kimmy Kimberley ရဲ့ဆွေမျိုးတွေက နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့အတွက်ကြောင့်ပါ။ ထိုင်းနိုင်ငံမှာ မင်္ဂလာဆောင်ပြီးရင် အဲဒီကို သွားရောက်မှာဖြစ်ပါတယ်။ လာမယ့်မင်္ဂလာပွဲအတွက် ပြင်ဆင်စရာရှိတာတွေ အများကြီး ပြင်ဆင်ထားပြီးပြီလို့ Mark Prin က ဆိုပါတယ်။

Kimmy ကို မင်္ဂလာပွဲနဲ့ပတ်သက်ပြီး အရာအားလုံးကို ဆုံးဖြတ်ခွင့်ပေးထားတယ်လို့လည်း သူ ဖွင့်ဟခဲ့ပါတယ။ လက်ရှိစာရင်းအရတော့ Kimmy ဟာ မင်္ဂလာဝတ်စုံ ၄ စုံလောက်ဝတ်လိမ့်မယ်လို့လည်း Mark Prin က ပြောပါတယ်။

Mark Prin နဲ့ Kimmy Kimberley တို့ အတွဲက ချစ်သူသက်တမ်း ၉ နှစ်ကျော် ၁၀ နှစ်ဝန်းကျင်ရှိပါပြီ။ Mark က Kimmy ကို ပြီးခဲ့နှစ် ဧပြီ ၁၇ ရက်နေ့က ဆွစ်ဇလန်နိုင်ငံမှာ ရိုမန်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တာပါ။

Ref: ThaiUpdate “Mark Prin and Kimmy Kimberley are getting married later this year in Thailand and abroad”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top