သမုဒ္ဒရာတိုင်းရဲ့ အနက်ဆုံးနေရာတိုင်းကို ပထမဆုံးသွားရောက်နိုင်သူအဖြစ် အမေရိကန်လူစွန့်စား စံချိန်တင်

yyl-031-1.jpg

အမေရိကန်နိုင်ငံသား စွန့်စားသွားလာသူတစ်ဦးဟာ သမုဒ္ဒတိုင်းရဲ့ အနက်ဆုံးနေရာတိုင်းကို ပထမဆုံး သွားရောက်နိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဗက်စ်ကိုဗိုဟာ ပြီးခဲ့တဲ့(၁၀)လအတွင်း ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ တောင်ပိုင်းသမုဒ္ဒရာနဲ့ အတ္တလန ္တိတ်သမုဒ္ဒရာကြမ်းပြင်တွေမှာရှိတဲ့ အနက်ဆုံးနေရာတွေအထိ ရေငုပ်ခဲ့သူပါ။ ပဉ္စမမြောက်နဲ့ အခုနောက်ဆုံးအနေနဲ့ အာတိတ်သမုဒ္ဒရာမှာရှိတဲ့ မော်လွိုင်းချောက်ကို အသေးစားရေငုပ်သင်္ဘောနဲ့ သွားရောက်ခဲ့ပါတယ်။

မော်လွိုင်းချောက်ဟာ ပင်လယ်ရေမျက်နှာပြင်အောက် ၃.၄ မိုင်အကွာအဝေးမှာ တည်ရှိပါတယ်။ ဗက်စ်ကိုဗိုဟာ သူ့ရဲ့ထောက်/ပို့ယာဉ်ဖြစ်တဲ့ DSSV Pressure Drop သင်္ဘောပေါ်ကနေ အလေးချိန် (၁၂)တန်ရှိတဲ့ ရေအောက်သွားယာဉ်ငယ်(Deep Sea Vehicle (DSV) Limiting Factor)ကို ချပြီး မော်လွိုင်းချောက်ကို ရေငုပ်ခဲ့တာပါ။ DSSV Pressure Drop သင်္ဘောဟာ တစ်ချိန်တုန်းက အမေရိကန်ရေတပ်မှာ ရေငုပ်သင်္ဘောရှာဖွေရေးယာဉ်အဖြစ် အသုံးတော်ခံခဲ့ဖူးပါတယ်။ ဗက်စ်ကိုဗိုဟာ သြဂုတ်လ ၂၄ ရက်နေ့က ”Five Deeps Expedition”နောက်ဆုံးအခေါက်အဖြစ်
မော်လွိုင်းဝင်ပေါက်(Molloy Hole- နော်ဝေနိုင်ငံ ဆယ်ဘတ်ကျွန်းစုရဲ့အနောက်ဘက် မိုင် ၁၇၀ အကွာမှာရှိသည်)ကနေ မော်လွိုင်းချောက်ကို ဆင်းသက်ခဲ့တာပါ။ သူဟာ မော်လွိုင်းချောက်ကြမ်းပြင်ကို ဆင်းသက်နိုင်တဲ့ ပထမဆုံးလူသားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့သူပါ။ သူတို့အဖွဲ့ဟာ တိုင်တန်းနစ်သင်္ဘောပျက်တည်ရှိရာနေရာကိုလည်း သွားရောက်လေ့လာနိုင်ခဲ့ဖူးပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top